ငရဲလို့နေ့များစွာရဲ့ နောက်တစ်ရက်~
ဆေးဖြတ်နေတဲ့အချိန်ကာလတွေက သူမအတွက်ငရဲလိုပဲ။
ဘယ်နှစ်ရက်လဲဆိုတာမရေတွက်ထားမိ။
သူမသတိရေးရေးဝင်တဲ့အချိန်မှာတော့ သူမအခန်းမှာရှိတဲ့ပြတင်းပေါက်နှစ်ခုမှာသံတိုင်တွေနဲ့ပိတ်ကာထားပြီးသွားပြီ။
ရေငတ်လာတာကြောင့် လှဲနေရက်ကနေတရွတ်တိုက်စွဲရင်း တံခါးဝမှာထားထားတဲ့ ရေခွက်ဆီကိုသွားလိုက်တယ်။
သောက်ကောင်က သူ့ကိုမြင်ရင်သူမဆေးတောင်းမှာစိုးရိမ်လို့ အခန်းထဲသူမသတိရှိနေတဲ့အချိန်ဆိုမဝင်။ထိုအစား တံခါးကိုခပ်ဟဟဖွင့်ပြီး အခန်းထဲက ကြမ်းပြင်ပေါ်မှာစားစရာတွေနဲ့ရေကိုလာလာချပေးထားတယ်။
ဆေးလိုလို့ ကယောင်ခြောက်ခြားဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်မိတိုင်းမှာသောက်ကောင်ကရောက်လာပြီး သူမကိုချုပ်ထားတယ်။
ဒီရက်တွေကဒီလိုပဲ သံသရာလည်နေတယ်။
အစပိုင်းမှာ ဆေးမရလို့ သူမ ခဏခဏ ယင်းထပေမဲ့ နောက်ကြာလာတော့ ယင်းထတဲ့အကြိမ်ရေနည်းလာတယ်။ဒါကဆေးပြတ်တော့မယ်လို့ သူမကိုအရိပ်အယောင်ပေးနေတာ။ သောက်မူးယစ်ဆေးဟာ စွဲတာလွယ်သလောက် ဖြတ်ရသိပ်ခက်တယ်။ သူမ မူးယစ်ဆေးကို ဘာလို့ဒီလောက်ဖြတ်ချင်နေရတာလဲ အဖြေကတော့ရှင်းပါတယ်။ နစ် ကြောင့်ပဲ။ နစ် ကသူမကိုမူးယစ်ဆေးစွဲအောင်လုပ်တဲ့သူဆိုပေမဲ့ ရယ်ချင်စရာပါပဲ။သူကပဲ သူမကိုဆေးဖြတ်ခိုင်းစေချင်ဆုံးလူ ဖြစ်နေပြန်တယ်။ သူမသာ သူ့ကိုရို့ရို့ကျိုးကျိုးနဲ့ သနားစဖွယ်ဖြစ်အောင်မလုပ်ပြဘူးဆိုရင် နစ်ဟာသူမကိုဆေးပေးမှာမဟုတ်ဘူး။ စျာပနပွဲတုန်းကသူမ နစ်ကိုဆေးတောင်းတော့ နစ်က စျာပနပွဲပြီးတာနဲ့သူမကိုဆေးဖြတ်ပါ့မယ်ဆိုတဲ့ကတိတောင်းခဲ့သေးတယ်။
သူမကလည်း ဆေးရရင်ပြီးရော ဆိုပြီးလက်ခံခဲ့တယ်။
ဒါပေမဲ့အခုသူမကို ဆေးဖြတ်ဖို့ကူညီပေးနေတဲ့သူက နစ်မဟုတ်ဘဲ သောက်ကောင်ဖြစ်နေတယ်။
နစ် အကြောင်းတွေးနေရင်းကနေမှ နစ် သူမဆီကိုရောက်လာခဲ့တယ်။
