DayThatDay

607 30 2
                                    

ကျွီ...။

သူမထိုင်နေသည့် ခုံက နဲ့နေတာကြောင့် သူမ လှုပ်ရှားမူသေးသေးလေး လုပ်ရင်တောင်အသံထွက်လာသည်။

" ဟင်အင်း...ကျွန်မအဲ့နေ့က အိမ်မှာပဲရှိနေခဲ့တာပါ "

" ခင်ဗျား အလီဘိုင်က မပြည့်စုံဘူး ၊ ဒီ့ထက်သက်သေပြနိုင်မဲ့အရာမျိုး ခင်ဗျားမှာရှိသေးလား "

သူမ ခေါင်းကို ခါလိုက်၏။

" အဲ့နေ့က ကျွန်မအိမ်မှာရှိနေတာ ။ သမီးလေးဆံပင်ကိုညှပ်ပေးနေခဲ့တာ ။ ကျွန်မတကယ်သူ့ကိုမသတ်ခဲ့ပါဘူး "

သူမရဲ့မျက်နှာကို စစ်မေးခန်းရဲ့မှန်သားပြင်
ကနေပြန်မြင်နေရ၏ ။စစ်မေးချိန်က
၂၄နာရီတောင်မရှိသေးပေမဲ့ သူမရုပ်က
သိပ်စုတ်ပြတ်နေသလို ဒီအခန်းထဲက လေထုက သိပ်ကို နည်းပါးလွန်းသည် ။ အသက်ရှူမဝချင်တော့။ အာခေါင်များခြောက်ကပ်လာ၏ ။ သူမအရှေ့ရှိရေခွက်ကို မော့သောက်လိုက်ချင်ပေမဲ့ ရဲအရာရှိရဲ့အကြည့်စူးစူးတွေကြား သူမလှုပ်တောင်မလှုပ်ရဲ ။

ကြောက့်လန့်လွန်ပြီး လက်နှစ်ဖက်ကို ဆုပ်ချည်ဖြန့်ချည်လုပ်နေမိသည်။ မလုပ်မိသည့်ကိစ္စတစ်ခုအား ဝန်ခံရမည်ကို သိပ်ကြောက်သည်။သိူ့ပေမဲ့ ရဲအရာရှိသည် သူမရဲ့ဆုပ်ချည်ဖြန့်ချည် လက်နှစ်ဖက်ကို အကဲခတ်ကြည့်ရင်း သူမရဲ့ကြောက်စိတ်ကိုအားပေးကာ  တဖြည်းဖြည်း
​လွှမ်းမိုးနေခဲ့တယ်။ သူက သူမကို ဖိအားပေးနေတယ်။ စကားလုံးပေါင်းမြောက်များစွာနဲ့မရုန်းနိုင်အောင်လုပ်နေတယ် ။

အဲ့ဒီ့နေ့ကလိုမျိုးပဲ။

သူမရဲ့ပါးစပ်ကနေ သူမအဖေကို သူမသတ်ခဲ့ကြောင်းဝန်ခံစေဖို့သူတို့ ဖိအားပေးခဲ့ကြသလို အခုလည်း ကျွန်မယောကျာ်းကို ကျွန်မသတ်ခဲ့ကြောင်း ဝန်ခံဖို့ဖိအားပေးနေကြပြန်ပါပြီ ။ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီးတော့ မလုပ်ခဲ့ဖူးတဲ့ကိစ္စတွေကို ထပ်ဝန်မခံပါစေနဲ့တော့။

=============

ကြၽီ...။

သူမထိုင္ေနသည့္ ခုံက နဲ႕ေနတာေၾကာင့္ သူမ လႈပ္ရွားမူေသးေသးေလး လုပ္ရင္ေတာင္အသံထြက္လာသည္။

" ဟင္အင္း...ကြၽန္မအဲ့ေန႕က အိမ္မွာပဲရွိေနခဲ့တာပါ "

" ခင္ဗ်ား အလီဘိုင္က မျပည့္စုံဘူး ၊ ဒီ့ထက္သက္ေသျပနိုင္မဲ့အရာမ်ိဳး ခင္ဗ်ားမွာရွိေသးလား "

သူမ ေခါင္းကို ခါလိုက္၏။

" အဲ့ေန႕က ကြၽန္မအိမ္မွာရွိေနတာ ။ သမီးေလးဆံပင္ကိုညွပ္ေပးေနခဲ့တာ ။ ကြၽန္မတကယ္သူ႕ကိုမသတ္ခဲ့ပါဘူး "

သူမရဲ႕မ်က္ႏွာကို စစ္ေမးခန္းရဲ႕မွန္သားျပင္
ကေနျပန္ျမင္ေနရ၏ ။စစ္ေမးခ်ိန္က
၂၄နာရီေတာင္မရွိေသးေပမဲ့ သူမ႐ုပ္က
သိပ္စုတ္ျပတ္ေနသလို ဒီအခန္းထဲက ေလထုက သိပ္ကို နည္းပါးလြန္းသည္ ။ အသက္ရႉမဝခ်င္ေတာ့။ အာေခါင္မ်ားေျခာက္ကပ္လာ၏ ။ သူမအေရွ႕ရွိေရခြက္ကို ေမာ့ေသာက္လိုက္ခ်င္ေပမဲ့ ရဲအရာရွိရဲ႕အၾကည့္စူးစူးေတြၾကား သူမလႈပ္ေတာင္မလႈပ္ရဲ ။

ေၾကာက့္လန့္လြန္ၿပီး လက္ႏွစ္ဖက္ကို ဆုပ္ခ်ည္ျဖန့္ခ်ည္လုပ္ေနမိသည္။ မလုပ္မိသည့္ကိစၥတစ္ခုအား ဝန္ခံရမည္ကို သိပ္ေၾကာက္သည္။သိူ႕ေပမဲ့ ရဲအရာရွိသည္ သူမရဲ႕ဆုပ္ခ်ည္ျဖန့္ခ်ည္ လက္ႏွစ္ဖက္ကို အကဲခတ္ၾကည့္ရင္း သူမရဲ႕ေၾကာက္စိတ္ကိုအားေပးကာ  တျဖည္းျဖည္း
​လႊမ္းမိုးေနခဲ့တယ္။ သူက သူမကို ဖိအားေပးေနတယ္။ စကားလုံးေပါင္းေျမာက္မ်ားစြာနဲ႕မ႐ုန္းနိုင္ေအာင္လုပ္ေနတယ္ ။

အဲ့ဒီ့ေန႕ကလိုမ်ိဳးပဲ။

သူမရဲ႕ပါးစပ္ကေန သူမအေဖကို သူမသတ္ခဲ့ေၾကာင္းဝန္ခံေစဖို႔သူတို႔ ဖိအားေပးခဲ့ၾကသလို အခုလည္း ကြၽန္မေယာက်ာ္းကို ကြၽန္မသတ္ခဲ့ေၾကာင္း ဝန္ခံဖို႔ဖိအားေပးေနၾကျပန္ပါၿပီ ။ ေက်းဇူးျပဳၿပီး... ေက်းဇူးျပဳၿပီးေတာ့ မလုပ္ခဲ့ဖူးတဲ့ကိစၥေတြကို ထပ္ဝန္မခံပါေစနဲ႕ေတာ့။

သူ ပြန်လာပြီ !!Where stories live. Discover now