( ၂ )
" ခွေးမ! ! ဒီကတ်ကြေး.. ဒီကတ်ကြေးကဘာလဲ? ဟမ်! "
အဖေသည် အခုမှ အိမ်တံခါးဖွင့်ကာ ဝင်လာသော သူမဆီသို့ ကတ်ကြေးတစ်လက်ဖြင့် ပြေးဝင်လာသည် ။ သူမရဲ့ ကော်လံကိုဆွဲပြီး နံရံသို့ လက်တစ်ဖက်ဖြင့် မြှောက်တင်လိုက်သည်။ သူမအဖေ ကိုယ်ကနေ အရက်နံ့ကထောင်းခနဲ ၊ ဒါရာ သူမမျက်နှာကို ဘယ်ညာလွှဲပြီး ခါယမ်းလိုက်သည်။ သူမ အဖေက ရုန်းကန်နေမှ ကြိုက်သည့်အတွက် ဖြစ်သည်။
သူမအဲ့လိုရုန်းကန်ပေးနေမှ သူမအဖေက သူ့ကိုယ်သူ အားကြီးသူလို့ ယုံမှတ်မည်ဖြစ်သည်။
ကတ်ကြေးလေးတစ်လက် သူမကုတင်အောက်က ထွက်လာရုံဖြင့် အရက်မူးနေသည့် သူမ အဖေကို ပိုပြီးမူးစေသွားခဲ့သည်။
ဘာကိုများ...ဒီလောက် အဖေကကြောက်နေရတာလဲ ။ အိမ်ထဲကို ဓားပြတွေဝင်ပြီး အမေ့ကိုသတ်သွားကတည်းက အဖေက သိပ်အကြောက်ကြီးနေတာ ။အဖေ့လက်ထဲ ရုန်းကန်နေပေမဲ့ အမှန်က သူမလွင့်ချင်နေတာ ၊ နစ် ဆီကရလာတဲ့ ဆေးအသစ်က တကယ်မိုက်တာ ၊ ရှူပြီးတော်တော်ကြာတဲ့အထိ ဆေးအရှိန်က မျောတုန်း ။
အာ...
သူမရဲ့ဆံပင်အရှည်တွေ တိခနဲ ပြတ်သွားပြီပဲ ။ ညအိပ်ဆောင်ထားလေ့ရှိတဲ့သူမကတ်ကြေးနဲ့ သူမဆံပင်ကို ပြန်ဖြတ်ချလိုက်တာပဲ ။
ကိုယ့်ဆံပင်ကိုယ် စမ်းကြည့်လိုက်တော့ ခပ်စူးစူး ၊ Fuck အရင်းကနေ ဖြတ်ချလိုက်တာလား Fuck! !
သောက်အဖေ ! ရူးလည်းထမင်းလွတ်ဟင်းလွတ်ရူးစမ်းပါ! !
အဖေလက်ထဲကပြေးထွက်ပြီး အိမ်ပေါက်ဝမှာကျနေတဲ့ လွယ်အိတ်ကိုကောက်၊ အိမ်ပြင်ကိုထွက်ပြေးလာခဲ့တယ်။
ခေါင်းထဲမှာ ရှိတာ အင်းးး...ရထားသံလမ်းဘေးက လှိုဏ်ခေါင်းပဲ ..အဲ့မှာ နစ် နဲ့ သူ့ဆေးတွေရှိတယ် ။ ဆတ်ခနဲဖြစ်သွားတဲ့ သူမဇက်က အကြောလိုက်သွားသလိုပဲ ၊ ဂုတ်ပိုးက မယားပေမဲ့ ကုတ်လိုက်တယ်။ ခဏခဏကုတ်နေမိတယ် ။
နစ်ဆေးတွေက အပျံစားပဲ ၊ သုံးပြီး ဘာဖြစ်သွားမှန်းမသိလောက်အောင်အထိပဲ ။
ခေါင်းထဲမှာ ယင်ကောင်တွေ တဝီဝီပျံနေသလိုပဲ ၊ အရမ်းပျော်နေတယ်။ အပျော်ကိုဖျက်နေတဲ့ ဟာမှန်သမျှကို ဒေါသထွက်ပြီးဖျက်ဆီးချင်တယ်။ အဲ့အချိန်မှာ နစ်ရဲ့ အံဆုံက ငွေသွားကတောင် သဘောကျဖို့ကောင်းနေတယ်။