သမီးကြီးပျောက်သွားတာ နှစ်နာရီရှိပြီ။ ညကပိုအေးစက်လာသလိုလူတွလည်း တချို့အိမ်ပြန်ကြပြီ။ နှင်းရီတစ်ကိုယ်လုံးနာကျင်လှပြီ။ ကလေးတွေကိုယ်ပေါ်မှာအသီးသီးအိပ်ပျော်သွားကြပြီ။ပွဲခင်းတစ်ခုလုံးအနှံ့ ရှာနိုင်သမျှရှာခဲ့ပြီးပြီ။ တွေ့တွေသြမျှလူတွေကိုလည်းမေးကြည့်ပြီးပြီ။ ရဲကိုလည်းအကြောင်း ကြား ပြီးပြီ။ သမီးကြီးကိုအရိပ်အ ယောင်ကလေးမျှ ရှာလို့မတွေ့ခဲ့။
'' သမီးကြီးကိုမတွေ့မချင်းကျွန်မအိမ်
မပြန်ဘူး ပွဲခင်းထဲမှာပဲဆက်ရှာမယ်၊
ပွဲခင်းတစ်ခုလုံးရှင်းလင်းသွားတဲ့အထိ စောင့်ပြီးရှာပါရစေ ကိုရယ် ကျွန်မရဲ့သမီးလေး...... ကျွန်မရဲ့သမီးလေး '''' နှင်း....မင်းသိပ်ပင်ပန်းနေပြီ၊ ကလေးတွေလည်းပင်ပန်းလှပြီ မင်းနဲ့ကလေးတွေကို အိမ်ပြန်ပို့ပြီးရင်ကိုယ်ဆက်ရှာပါ့မယ် တစ်ညလုံး ကိုယ်ရှာပါ့မယ် ''
'' ဟင့်အင်း....ကျွန်မမပြန်ဘူး သမီးကြီးဒီပွဲခင်း ထဲမှာပဲ ရှိနေမှာ ၊သူသိပ်ကြောက်နေမှာ၊ ဆက်ရှာရအောင်ကိုရယ်၊ ကျွန်မကိုအိမ်မပြန်ခိုင်းပါနဲ့၊ ကျွန်မရင်ကျိုးရလိမ့်မယ်၊သူ့အဘိုးနဲ့အဘွားကိုကျွန်မဘယ်လိုပြောရမလည်း၊ လာတုန်းကစုံစုံညီညီ၊ အခုတော့ကျွန်မ သမီးကြီး မပါတော့ဘူး ဟင့်အင်း ကျွန်မ..မပြန်ဘူး၊ သမီးကြီးမပါပဲ ကျွန်မမပြန်ဘူး.... ''
ရုတ်တရတ် နှင်းရီ ရူးသွားမတတ် ရင်တွင်းမှာ ပူလောင်သောကမီးတွေ အရှိန်ငြီးငြီးလောင်ကျွမ်းခဲ့လေသည်။ သမီး ၏အဖေက မျက်နှာတွေနီရဲ မေးကြောတွေတင်းနေတဲ့အထိ အံတင်းတင်း ကြိတ်ထားကာ နှင်းရီကိုအသက်မဲ့နေသောမျက်ဝန်းဗလာတွေနှင့်ငေးကြည့်နေသည်။ နှင်းရီမျက်ဝန်းအိမ်နှစ်ဖက်မှာ မျက်ရည်စီးကြောင်းက အဆက် မပြတ်စီးဆင်းနေ၏။
'' မင်းပြန်ရမယ် ငါ့သမီးကိုငါတွေ့အောင်ရှာမယ်ပြန်မတွေ့လို့မဖြစ်ဘူး ငါ့ကိုငါတစ်သက့လုံးခွင့်မလွှတ်နိုင်တော့မှာမဟုတ်ဘူး ''
''ကျွန်မရင်တွေကွဲပါပြီရှင်၊ ကျွန်မနှလုံးသား ဆွဲထုတ်ခံရသလိုပဲ ၊ သမီးလေး ဘယ်နားမှာလည်းသမီးလေးရေ၊မေမေ့ဆီပြန်လာခဲ့ပါနော် သမီးကိုတွေ့အောင်ပြန်ရှာပေးကြပါရှင်''
YOU ARE READING
မရဲ့....မူပိုင်ရှင်
Short Storyအမှတ်တရသိမ်းထားချင်မိတဲ့ normalfic တွေကိုရောသမမွှေထားတာပါ အမှားပါရင်ခွင့်လွှတ်ပေးစေချင်ပါတယ်ဗျာ🙏🙏