Part 19 ( U + Z )

1.9K 123 17
                                    

နောက်တစ်လ လခထုတ်တော့ သူက သူမအတွက် ကျောင်းတက်ဖို့ ရင်ဖုံးအင်္ကျီလှလှလေးတွေနှင့် ထဘီလေးတွေ ဝမ်းဆက် အဆင်ဒီဇိုင်းလှလှဆန်းဆန်းကလေးတွေ အရောင် အသွေးစုံစုံကလေးတွေဝယ်လာပေးသည်။ လခထုတ်တိုင်း သူက သူမလက်ထဲလခအကုန်အပ်ကာဆိုင်တစ်ဆိုင်မှာ ညစာအတူတူစားလေ့ ရှိသည်။ အပြန်ကျရင် ကားရပ်ပြီး ကောင်းကင် ထက်ကလခြမ်းကွေးကလေးကို လက်ဆောင်အဖြစ်ယူပေးဖို့ သူ မမေ့။

နောက်တစ်ရက်မှာ​တော့ သူမတို့ကျောင်းမှာ စာမေးပွဲနီးလာပြီမို့ သူငယ်ချင်းတွေစုပြီး သူမ အိမ်မှာစာအတူတူကျက်ဖို့စီစဥ်ကြသည်။ သူငယ်ချင်းနှစ်ယောက်က ' ကဗျာ ' နှင့် ' နွေး' ဟုခေါ်သည်။ ကျောင်းမှာကတည်းက အိမ်ရောက်ရင်သူ့အကြောင်းပြောချင်လျှင် မြန်မာ လို မပြောဖို့ အင်္ဂလိပ်လိုပြောဖို့ကြိုမှာထားခဲ့သည်။ ကဗျာနှင့်နွေးက MBA တက်ရင်းမှ ရင်းနှီးကြသူတွေမို့ သူမအကြောင်းသိပ်မသိလှပါ။

ကားပေါ်မှာကတည်းက သူတို့က သူမနှင့်မိုးစက် ကိုအကဲခတ်လာကြသည်။

'' မ.သူငယ်ချင်းတွေကို လိုက်ပို့ပေးရမှာလားဟင် ဘယ်ပို့ပေးရမလည်း ''

ဟု သူမေးတော့ ခပ်သွက်သွက် နွေးက ဝင်ဖြေခဲ့သည်။

'' တို့တွေက မြတ်နိုးအိမ်မှာပဲစာလိုက်ဖတ်ကြမလို့လေ ညကျမှပြန်ကြမယ်၊ လိုက်ပို့ပေးမယ် မလားဟင် ''

'' ဪ....စာဖတ်ကြမလို့လား လိုက်ပို့ပေးမှာပေါ့ဗျာ ညစာလည်းရှယ်ချက်ကျွေးမယ် လက်ဖက်လည်း သုပ်ကျွေးမယ် ''

'' ဟယ်...... တယ်ဟုတ်ပါလား ၊ မြတ်နိုး....ရှင်က ကံကောင်းလိုက်တာဟဲ့ ''

'' Nway... I said let's speak in English,if you want to talk about her. You known,I don't speak to her since we got married ''

( နွေး....သူ့အကြောင်းပြောချင်ရင် အင်္ဂလိပ်လို ပဲပြောဖို့ ငါပြောထားတယ်လေ၊ငါတို့က လက်ထပ်ပြီးကတည်းကငါသူ့ကိုစကားမပြောဘူးသိလား)

သူမက နွေးကိုလှမ်းပြီးအင်္ဂလိပ်လိုပြောလိုက်တော့ သူ မျက်စိသူငယ်ဖြစ်သွားပါသည်။ နွေလည်း အံ့သွားပုံရသည်။

'' Oh! I'm so sorry to hear that,Myat Noe. It's such a shame. What happened? Why don't you speak to her ''

'' အို.....ကြားရတာစိတ်မကောင်းလိုက်တာ မြတ်နိုးရယ် ၊ရှက်စရာပဲ ဘာဖြစ်ထားလို့လည်း နင်က သူကို ဘာဖြစ်လို့ စကားမပြောတာလည်းဟင် ''

မရဲ့....မူပိုင်ရှင်Tempat cerita menjadi hidup. Temukan sekarang