၁၉၉၉ ခုနှစ်....... တောင်ကြီးတန်ဆောင်တိုင်ပွဲတော်။ ည ၉နာရီ
ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသော တောင်ကြီးမြို့၏ တန်ဆောင်တိုင်ပွဲတော်ညသည် မီးပုံးပျံလွှတ်ကြသူများ၊ ဇာတ်ပွဲများ၊ ကစားပွဲများ၊ စျေးသည်များဖြင့် အထူးစည်ကားသက်ဝင်လှုပ်ရှားလျက်ရှိသည်။ နှင်းရီက အမြွှာသမီးကလေးကိုချီထားရပြီး ကို က အမြွှာသားကလေးကိုချီလျက် လက်တစ်ဖက်က လေးနှစ်အရွယ် သမီးအကြီးကလေးကို လက်ဆွဲထားရသေးသည်။ နှစ်တိုင်းတန်ဆောင်တိုင်ဆို တောင်ကြီးမှာရှိသော ဖေနဲ့မေကိုလာကန်တော့ရင်းစည်ကားလှသော တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကိုလာတတ်စမြဲပါ။ ပွဲခင်းထဲရှိရှမ်းစာ ပူပူနွေးနွေးတွေစားရတာ ကလေးတွေကိုဟိုဟိုဒီဒီလျှောက်ပြရင်းသူတို့အတွက် အရုပ်ကလေးတွေ တစ်မျိုးမျိုးဝယ်ပေးရတာ မီးပုံးပျံတွေလွှတ်တာကို အံ့သြပျော်ရွှင်စွာကြည့်ရတာကို နှင်းရီ ဘယ်လို မက်မောမှန်းမသိ။ လူတွေ ဘယ်လောက်တိုးတိုး ကလေးသုံးယောက်နှင့် ပွဲခင်းထဲကိုရောက်အောင်လာနေကျ။ ပွဲခင်းက လူတိုင်း၏စိတ်အာရုံကိုတစ်မျိုးတစ်ဖုံ ဆွဲဆောင် ဖြားယောင်းနိုင်စွမ်းရှိသည်။ အသံချဲ့စက် ကနေ လွင့်နေသော သီချင်းသံတွေ ဆိုင်းသံ ဗုံသံတွေကြော်ညာသံတွေကို နှင်းရီ ဘာကြောင့်မှန်းမသိ စွဲလမ်းလှသည်။
'' ဖေ........ သမီးမျက်လှည့်ပွဲ ကြည့်ချင်တယ် ''
သမီးကြီးက သူ့အဖေကိုပူဆာသံကြားလိုက် ရပေမယ့် သူ့အဖေက ခန္ဓာကိုယ်ပေါ်က နှစ်နှစ်သားလေးက မိုးပျံပူဖောင်းပူဆာနေတာမို့ ပူဖောင်းသည်ဆီ အရင်သွားကာပူဖောင်းဝယ် ပေး၏။ သမီးငယ်က အာတာပူစီပန်းရောင်ကြီးတွေကိုလက်ညိုးထိုးကာပူဆာသဖြင့် နှင်းရီက အသည်ကြီးဆီလျှောက်သွားကာ တစ်ခုဝယ်ပေးလိုက်ရသည်။ အသည်ချင်းက သိပ်မဝေးလှဘူးလေ။ အာတာပူစီဝယ်ပြီး ပူဖောင်းသည်ဆွပြန်လာတော့ ကိုက
'' သမီးကြီးရော ''
ဟုလှမ်းမေးလိုက်သဖြင့် နှင်းရီ ကြောင်သွားရသည်။
'' သမီးကြီးက ကိုဆွဲထားတာလေ ၊ ဒီမှာ သမီးငယ်က အာတာပူစီ ပူဆာလို့ဒီနားတင်သွားဝယ်တာ ''
KAMU SEDANG MEMBACA
မရဲ့....မူပိုင်ရှင်
Cerita Pendekအမှတ်တရသိမ်းထားချင်မိတဲ့ normalfic တွေကိုရောသမမွှေထားတာပါ အမှားပါရင်ခွင့်လွှတ်ပေးစေချင်ပါတယ်ဗျာ🙏🙏