Remember ME
19.11.2021 & 5:36 pm___________________________
ကားပေါ်မှာဘေးချင်းကပ်ရပ်ထိုင်နေသော
ကောင်လေးနှစ်ယောက်သည်နေရခက်နေတော့လေသည်ဂျီမင်းလဲနေရခက်ကာ
ဟိုကြည်ဒိကြည့်လုပ်နေချိန်သူ့ပုခုံးပေါ်မှီလာသော
ထယ်ယောင်းကြောင့်" ခဏလောက္မင်းပုခုံးငှားပေး "
" အာ..ရ..ရပါတယ် "
ဂျီမင်းပေါင်ပေါ်ကလက်လေးတွေသည်ကျစ်နေအောင်
ဆုပ်ထားလေသည် ဘာကြောင့်ဆို
သူ့ရင်ထဲကနှလုံးခုန်သံကိုထယ်ယောင်းကြားသွားမှာ
စိုးရိမ်လို့သာ" မင်းနာမည်ဘယ်လိုခေါ်လဲ "
ရုတ်တရက်နာမည်ထမေးသောထယ်ယောင်းကြောင့်
သူ့လဲယောင်တောင်တောင်နဲ့" ဂျီမင်း "
ဖြေလိုက်တော့လဲဘာမှပြန်မပြောပဲအိပ်ပျော်သွားတဲ့
ထယ်ယောင်း သူလဲထယ်ယောင်းပါးပြင်တစ်ဖတ်ကို
ကြည့်လိုက်တော့နေထိုးနေတာမို့သူ့လက်လေးက မသိလိုက်ခင်မှာပဲ
နေရောင်ခြည်ကိုကာပြီးသားဖြစ်သွားလေသည်ဂျီမင်းကျေးဇူးနဲ့ပုခုံးပေါ်ကကောင်လေးသည်လဲ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရင်း
အပြုံးလေးတစ်ခုကိုပြုံးမိသွားလေသည်........
" ထယ်ယောင်း ! မင်းထမှဖြစ်တော့မယ်ငါတို့
မှတ်တိုင်ကျော်သွားပြီထင်တယ် ""ဟမ်း ! "
ဂျီမင်လေးရုတ်တရက်လန့်သွားရတော့သည်
ဘာကြောင့်ဆိုထယ်ယောင်းကအိပ်ပျော်နေရာကနေ
ချက်ချင်းကြီးနိူလာတာကြောင့်သာ" နိုးသွားပြီလား ငါကကမင်းမနိုးလောက်ဘူးထင်နေတာ "
" မင်းမနိုးစေချင်တာမဟုတိဘူးလား "
" အမ်း ! မဟုတ် ..မဟုတ်ပါဘူး "