17

470 84 21
                                    

Remember ME
9:43pm

___________________________

တစ်ချိန်က ပျော်ရွှင်ခဲ့ဖူးတဲ့အချိန်တွေ
တီးလုံး‌သံစဉ်တွေဟာ
သုံးပတ်အတွင်းမှာပြောင်းလဲသွားခဲ့လေသည်

" ဟို ...ယောင်း ငါအရင်ပြန်နှင့်လို ! "

" သောက် ဒါကို "

ထယ်ယောင်းသူ့အားပေးတာကိုကြည့်လိုက်တော့
အရက်ခွက်သာ

" ဟင့်အင်းတော်ပြီး အပြန်ကျ မင်းကိုထိန်းရအုန်းမှာမို့ "

" ဟေ့ရောင် ထယ်ယောင်း မင်းဘော်ဒါက
အရက်လေးတောင်မသောက်တက်ဘူးလား "
မမိုက်ပါဘူးကွာ "

ထယ်ယောင်းဂျီမင်းပုခုံးကဖတ်ကာ
အရက်ခွက်ကိုမော့သောက်လိုက်လေသည်
သူတို့ကထင်သလောက်အသက္မကြီးသေးပါဘူး
ဒါပေမဲ့ပိုက်ဆံရှိအသိုင်းအဝိုင်းတွေဆိုတော့

ဂျီမင်းကတော့ ထယ်ယောင်းကိုသာစိုက်ကြည့်နေလေသည်

" ဘာလို့အဲ့လို..ကြည့်နေတာလဲ...ဂျီမင်း "

ထယ်ယောင်းကအရက်ခွက်ကိုသောက်ရင်း
သူ့ဘက်ခေါင်းလှည့်လာကာ
မေးလေတော့

" မင်းကတကယ်ငါသိခဲ့တဲ့ထယ်ယောင်းများလား
တွေးနေတာ "

" ဟွန် ! "

သူအရက်ခွက်ကိုစာပွဲပေါ်ချကာ
ဂျီမင်းကိုရင်ခွင်ထဲသေချာထည့်ဖတ်ပြီးပွေ့ထားလိုက်
တော့ရူန်းသော ဂျီမင်း

" သားကြီး မင်းကောင်လေးက မင်းကိုအထိမခံပါလား
ဘာလဲမပိုင်ဘူးထင်တယ် "

" ပါးစပ်ပိတ်ထား သောက်စရာရှိတာသောက် "

ထယ်ယောင်းမျက်နှာပျက်သွားကာ
ဂျီမင်းလက်အားဆွဲပြီးနေရာမှထထွက်သွားလေ‌သည်

" ဘယ်လိုဖြစ်နေတာလဲ ယောင်းရယ် "

" ငါဘာဖြစ်နေလို့လဲ ဖြစ်နေတာ မင်း ! မင်းဘာတွေ
ဖြစ်နေတာလဲ ဂျီမင်း ! ဟမ်း ! နောက်တစ်ယောက်
တွေ့နေ့လို့လား "

Remember MEWhere stories live. Discover now