Remember ME
__________________" ယောင်း အရမ်းဆူတယ်လို့ "
" ဘာပြောတာ "
" လူတွေလဲအရမ်းများတယ် "
" Concert လာတာလေကွာ လူကအထိုက်အလျှောက်တော့
များမှာပေါ့ ကြောက်လို့လား "" ကြောက်စရာလား "
" ကိုယ်တော့ကြောက်တယ် မင်းကိုသူများတွေ
ကြည့်မှာ ဒါကြောင့် ကိုယ့်ရင်ခွင်ထဲ
နေဖို့လိုတယ် "" အ့ ! ! ယောင်း ! "
ထယ်ယောင်းသူ့အား ရင်ခွင်ထဲထည့်ကာ
ရှေ့ကလက်ရမ်းကိုလက်နှစ်ဖတ်ပိတ်ထောက်ထားပြီး
Harry styles concert ကိုပျော်ပျော်ရွှင်ရွှင်
ကြည့်နေလေသည်သူကတော့ နောက်ကိုမော့ကာ ထယ်ယောင်းအား
ကြည့်နေခဲ့တယ်ထယ်ယောင်း ပွဲကြည့်ရင်း
ရင်ခွင်ထဲက နွေးထွေးရာကိုငုန့်ကြည့်လိုက်တော့
သူ့အားမော့ကြည့်နေတာမို့Mask ထားလျှက်ပဲ
နူတ်ခမ်းကိုထိကပ်ကာ နမ်းလိုက်လေသည်" ယောင်း ! "
" အွန်း "
" မင်းအသားယူတာများနေပြီနော် "
" မင်းမကြိုက်တာလဲမဟုတ်ပဲ "
" အရူးကောင် "
" ဟားဟား "
ဒိလိုနဲ့ သူ့တို့ရဲ့ ခရီးစဉ်ကိုပျော်ပျော်ပါးပါး
ကုန်ဆုံခဲ့လေသည်။
" ဂျလောက်စ် ! " ( တံခါးဖွင့်သံ )
အခန်းထဲရောက်ရောက်ချင်း
" ဟွန့် ! " ( အသံချပြုံးသံ )
သူကြည့်နေကျအခန်းပြတင်းပေါက်လေးနဲ့
လိုက်ကာ ဖြူလွှလွှမှလွင့်နေတဲ့
ယောင်းရဲ့့ပုံရိပ်ဖြူလေးတွေ" နောက်ဆုံးတော့အိမ်ပြန်ရောက်ပြီပဲ "
သူ ထိုဓာတ်ပုံလေးတွေနားလျှေုက်လာကာ
ပြုံးလိုက်လေသည်