Remember ME
9:14pm
___________________________" ယွန်ဂျွန် "
" ပြောလေ Hyung "
" မင်းဘာကြောင့်ဒိနေရာကိုခေါ်လာတာလဲ "
" အဖြေတောင်းမလို့ "
" ဘယ်လို ! "
" ဟုတ်တယ် Hyung ကျွန်တော် ချစ်တယ်လို့
၀န်ခံထားတာ ဒိနေ့ဆို ငါးလပြည့်ပြီ လေ
Hyung စဉ်းစားဖို့အချိန်လုံလောက်ခဲ့ပြီထင်တယ် "သူယွန်ဂျွန် ကိုစိုက်ကြည့်နေမိတယ်
" ကျွန်တော့်ကို... "
" အိမ်ပြန်ချင်တယ် "
" Hyung "
" ဘုရားကျောင်းထဲမှာမို့မင်းကိုစိတ်မခုချင်ဘူး
ယွန်ဂျွန်း Hyung တွက်လုံလောက်မဲ့
အချိန်ဆိုတာ limit မရှိဘူးဖြစ်နေတယ် "" ဒါက... "
ငြင်းလိုက်တာလား Hyung ကလေသူ့ကို
အငြင်းစကားကိုသွယ်ဝိုက်ပြောလိုက်လေသလား" ရတယ် ရတာမို့ ကျွန်တော်စောင့်နေမယ်
ဒိလိုပဲဆက်ချစ်နေမှာမို့ Hyung ကလဲ နေသာသလို
ကျွန်တော့်အပေါ်သဘောထားပေးပါ "ယွန်ဂျွန်စကားကိုခေါင်းငြိမ့်မိလားခေါင်းခါမိလား
သူမသိတော့ဘူး ဒါပေမဲ့ သူ့ခြေလှမ်းတွေသည်
ဘုရားကျောင်းထဲကနေပြန်လှည့်လာချေပြီဖြစ်သည်Hyung ကဘာစကားမှမပြောတောမို့
သူလဲနောက်ကနေသာ တိတ်တဆိတ်လိုက်လာမိတော့သည်မရွာစဖူးရွာသောမိုးတွေသည်
တစ်စုံတစ်ယောက်ကများအသဲကွဲနေလို့
အဖော်ပြုပေးနေသလားအောင့်မေ့ရပြန်တော့သည်" မိုးတွေ.... "
ကားပြတင်းပေါက်နေကျဆင်းလာသော
မိုးရေတွေကိုသူကားထဲကနေ
ကြည့်နေမိတယ်" မိုးကိုချစ်လား Hyung "
ထိုစကားမှာသူမျက်လုံးတွေသည်
အတိတ်ကအခြေအနေတွေကိုမီးမောင်းထိုးပြလေသည်