Remember ME
23.11 & 9.18 gogo" ထယ်ယောင်း..... "
ဂျီမင်းကိုယ်လက်သန့်စင်ကာ အိပ်ခန်းထဲက
ထွက်လာတော့စာကြည့်စာပွဲမှာ လက်လေးတင်ကာ အိပ်ပျော်နေသော
ထယ်ယောင်း" လက်နာ....နေတယ်ဆိုပြီး "
သူလဲခြေသံဖွဖွလေးနင်းကာ စာကြည့်စာပွဲရှေ့ကခုံမှာ
ထိုင်ကာ ထယ်ယောင်းလိုလက်လေးတင်ပြီး
ထိုလက်ပေါ်ခေါင်းအုန်းကာနေလိုက်တော့မြင်ရတဲ့
မြင်ကွင်းကကြည်လင်လှတဲ့
အေးချမ်းတဲ့မျက်နှာလေး" တကယ်ဆို ငါပြန်သင့်နေပြီကိုဘာလို့ဒိလိုလာထိုင်
နေမိပါလိမ့် လက်တွေနာနေတော့မှာပဲယောင်း.... "ပြောရင်းနဲ့ထယ်ယောင်းနှဖူးနားက
ဆံပင်အချို့ကိုသပ်တင်ပေးလိုက်သောဂျီမင်း" မင်းကအိပ်စေချင်တာလား နိုးသွားစေချင်တာလား
ဂျီမင်း "ရုတ်တရက်္မျက်လုံးတွေပွင့်လာသော
ထယ်ယောင်းကြောင့်သူလက်လေးရှက်ကာ ပြန်ရူန်းဖို့
လုပ်တော့
လက်အားလှမ်းဆွဲလိုက်သောထယ်ယောင်း" ဘာလို့လဲ ... "
" နိုးသွားတာလား တောင်းပန်ပါတယ်ယောင်း ... "
ထယ်ယောင်းမထပဲဂျီမင်းလက်လေးအား
သူ့ပါးမှာထိကပ်လိုက်လေသည်" ပွတ်သတ်ပေး...အိပ်ပျော်အောင် "
" ဟမ်း ! "
" မင်းကြောင့်တစ်ညလုံးမအိပ်ရသေးဘူး...အဲ့တော့
မင်းပြန်ချော့သိပ် "ဒါပဲပြောတာမျက်လုံးမှိတ်သွားသော
ထယ်ယောင်းကြောင့်သူလဲ အုပ်မိုးထားရသည့်ပါးပြင်
နုနုလေးကို ညှင်သာစွာ ပွတ်သပ်ပေးလိုက်လေသည်( တကယ်ဆို မနက်စာစားရမှာယောင်းရဲ့)
သူစိတ်ထဲကသာတွေးလိုက်ပေမဲ့ဗိုက်ဆာနေတာကို
အဝေးကိုတွန်းပို့လိုက်လေသည်