Remember ME
8:08pm
___________________________" ရောက်ပြီ "
" ဒါဘယ်လဲ "
" လမ်းလျှောက်ရအောင် "
" ပြတ်ပြီးသား ရည်းစားနဲ့လမ်းလျှောက်ရအောင်
မင်းနဲ့ငါကအခြေအနေကောင်းလို့လား
ကင်ထယ်ယောင်း "" မပြောတက်ဘူး ကိုယ်အထင် အဆင်ပြေမယ်ထင်တာပဲ "
ဂျီမင်းထုံးစံတိုင်း
ထယ်ယောင်းပုခုံးအားတွန်းတိုက်ကာ
ရှေ့ကအရင်လျှောက်သွားလေသည်နေရာတိုင်းက ရှေးကျတဲ့အဆောက်အဦးပုံတွေခေတ်
မိလွန်းတဲ့ဒိမြို့လေးဟာ တကယ်ကို
နေချင်စရာပါဘေးကပါလာသော လူကသာအကျော
တည့်ရင်ပေါ့" ကိုယ်ကိုစောင့်အုန်း "
" ကလေးလား မင်းက "
" ကလေးတော့မဟုတ်ပေမဲ့ မင်းကကလေးလို့သတ်မှတ်
ချင်ရင်လဲ ကိုယ်ကလေးလုပ်ပေးမယ်လေ "" အရူးကရင့်နေပြီပဲ "
ဂျီမင်းထယ်ယောင်းအားခေါင်းခါကာ ရှေ့ကိုလျှောက်နေချိန်
ရုတ်တရက် ဘေးကိုတွန်းပို့ချင်းခံလိုက်ရလေသည်" ဘာ ! ဘာလုပ်တာလဲ "
" စက်ဘီးလေ ဘယ်လိုပဲကိုယ်ကိုရန်ဖြစ်ချင်အုန်းတော့
မင်း အန္တရယ်ကင်းမှရမှာမို့ "" ကင်ထယ်ယောင်း မင်းဒိလိုလာပြီးဂရုစိုက်နေလဲ
ငါကအရင်ကဂျီမင်းမဟုတ်တော့ဘူး "" အဲ့တော့ "
ဂျီမင်းမျက်လုံးကနောက်ကိုအမှတ်တမဲ့ကြည့်မိသွားတော့
" ယွန်းဂီ Hyung ! ! "
" ဘယ်သူ "
ထယ်ယောင်းကလှည့်ကြည့်ဖို့လုပ်နေတော့
ဂျီမင်းသူ့လက်အားဆွဲကာ ပြေးလေတော့သည်
" ဂျီမင်း ! "
" စကားမများနဲ့ပြေး ! "