Part5

809 78 1
                                    

Unicode

"Taeရာ....ငါနဲ့မှအတူတူ သွားပါလား ကွာ ငါစိတ်မချဘူး"

"Jiminရာ ငါကလေးမဟုတ်ဘူး အတန်းချိန်တစ်ချိန်တောင်လွတ်မှာ မင်းနဲ့ငါနဲ့အတူတူ ပျက်လို့ မရဘူးလေ"

"ဒါပေမယ့် Sungwooက မင်းကိုရန်ရှာ ရင်ဘယ်လိုလုပ်မလဲ"

ဒီနေ့ Jiminရဲ့Ommaလာမယ်ဆိုလို့ သွားကြိုရမှာ ကျောင်းတက်ရက်ဖြစ်နေလို့ Jiminကို သွားကြို ခိုင်းပြီး ကိုယ်ကသူ့အတွက်ပါ စာကြိုကူးပေးဖို့ ကျောင်းကိုတစ်ယောက်တည်းသွားမှာကို စိတ်မချဖြစ်နေတဲ့ သူငယ်ချင်းလေး မနည်းကိုပြောယူနေရတယ်။

"ရပါတယ်ဆိုJiminရာ ..အန်တီ ကိုသာ သွားကြိုခဲ့ ..မင်းတစ်ချိန်ဘဲ လွတ်မှာလေ ကျောင်းဆင်းရင် မင်းလည်းပါတာဘဲကို"

ကိုယ်က သူ့ကို စိတ်မချလို့ ကိုယ်နဲ့ကျမှ အတူသွားမယ်လို့ပြောနေသော်လည်း ခေါင်းမာတဲ့Taeကြောင့် လက်သာလျော့လိုက်သည်။
ဒီမနက်ပိုင်း အတန်းက လည်း စာမေးပွဲ အတွက် အရေးကြီးလို့လည်းပါတာပေါ့။

"ပြီးရောကွာ..ဟိုကောင်Sungwoo မင်းကို ရန်လုပ်ရင် ငါ့ကိုတိုင်နော်"

သူ့ထက်အကောင်းသေးတဲ့ လက်တောက်လောက်လေးက ကိုယ့်ကို တိုင်ဖို့ပြောတော့ ရယ်ချင်တာပေါ့။
ဒါပေမယ့်လည်း မရယ်ရဲ။ အခုတောင် ကျောင်းသွားဖို့ မနည်း ပြောထားရတာ မဟုတ်ပါလား။

"အေးပါကွာ အ့ဆို ငါသွားပြီ မင်းလည်းအန်တီကို ဂရုစိုက်ခေါ်လာအုံး"

"အေးအေး"

ဆူဆူပုတ်ပုတ် ဘဲနှုတ်သီးလေးနဲ့ ပြောလာသော Jiminကြောင့်သူရယ်မိသည်။
Jiminက တစ်ခါတစ်လေ လည်း အဲ့လို ကလေး ဆန်တက်တယ် မဟုတ်ပါလား။

------------

ကျောင်းကိုရောက်တော့ ကန်တင်းသွားတဲ့ လမ်းမှာ လူတွေ ဝိုင်းနေတာကြောင့် ဘာဖြစ်လဲသွား စပ်စုမိတော့ လဲကျနေသောJungkookနဲ့ Sungwooတို့ သူငယ်ချင်းတစ်သိုက်က ဘေးနားကနေ Sungwooကို အားပေးနေကြသည်။
ဝိုင်းကြည့်နေတဲ့ သူတွေကလည်း နှိပ်စက်နေတဲ့ Sungwooကို အားပေးနေကြပြီး Jungkookကို သာရွံရှာသလိုကြည့်နေကြသည်။
သူတကယ်Jungkookကိုသနားသွားတယ်။

The True Untold (Complete)Where stories live. Discover now