Unicode
*တင်*
သူတို့နှစ်ယောက်ရဲ့ တိတ်ဆိတ်မှုကို ဖျက်စီးလိုက်တဲ့ message ဝင်သံ။ ထိုဖုန်းကား Taehungရဲ့ ဖုန်းဖြစ်သည်။ ဖုန်းကိုကြည့် ပြီးTaehung ရဲ့ မျက်နှာထက် အပြုံးလေး တစ္ခု ဖြစ်တည်သွားသည်။ ထို့နောက် သေးသွယ် လှပလွန်းတဲ့ လက်ချောင်းလေးတွေ့က ဖုန်းscreenပေါ်တွင် ပြေးလွားနေပြီး တစ်စုံတစ်ယောက်စီကို စာပြန်ပို့လိုက်သည်။
ထိုအဖြစ်အပျက်ကို မျက်ခုံးတွန့်ရူံပြီး ကြည့်နေတဲ့ Jungkook ဆိုတဲ့ ကောင်လေးလည်း ရှိနေခဲ့တယ်။
"ပြီးရင်သွားကြရအောင် ဂျောင်ကု။ ငါမင်းကို ခေါ်သွားစရာ နေရာရှိတယ်။"
"အင်း သွားမယ်လေ"
ဆိုင်ထဲက ထွက်တော့ Taxi ငှားနေတဲ့ သူ့ရဲ့ယောင်းလေး။ ကားသမားနားကို ကပ်ပြီး တိုးတိုးလေးပြောနေတဲ့ ယောင်းလေးဟာ သူ့ကို သဝန်တိုအောင် တမင်သက်သက်လုပ်နေသလိုပင်။ ခုနကလည်း ဘယ်သူ့နဲ့မို့လို့ ပြုံးသွားရတာလည်း။ အခုလည်း ကာသမားကို တိုးတိုးလေးကပ်ပြောနေတာ။ ယောင်းမျက်ဝန်းထဲမှာ မြင်ခဲ့ရတဲ့ သူ့ကို ချစ်တယ္ဆိုတဲ့ မျက်ဝန်းတွေကိုတောင် အမှန် ဟုတ်ရဲ့လား တွေးမိနေပြီ။
"Jungkook သွားမယ်လေ။ ဘာတွေကြောင်နေတာလဲ"
"ဟမ်...အာ ဘယ် သွားမလို့လဲ"
"ဘယ်သွားသွားပေါ့ ။ လာခဲ့ ကားပေါ်တက်"
ကားပေါ်တက် ဆိုပြီး သူ့လက်ကိုင်ကာ တက်သွားတဲ့ယောင်းလေး။ ဒီတစ်ခါလည်း မောင်မငြင်းနိုင်ပြန်ဘူးယောင်းရယ်။ ယောင်း မောင့်ရဲ့ လက္ ကို ကိုင်တာ မောင်အရမ်းမြတ်နိုးတယ်။
ကားပေါ်မှာ တစ်လျှောက်လုံး ယောင်းက သူ့လက်ကို မလွှတ်ပေးသလို သူလည်း လွှတ်ဖို့ အစီစဉ်မရှိ။ အခုသူတို့အခြေ ေနက ဘယ္လိုဆိုတာကို သူမစဉ်းစား ခြင်။ ဒီ ခနတာ လေးကိုဘဲ သူအမြဲ နှလုံးသား ထဲမွာ သိမ်းထားချင်မိတယ်။
ယောင်းအကြောင်း တွေးနေရင်း အပြင်ဘက်ကို အကြည့်ရောက်မိတော့ ကားသမားသွာနေတဲ့ လမ်းကြောင်းက ဆိုလ်းရဲ့ မြို့အပြင်ဘက်လမ်းကြောင်းဖြစ်နေသည်။ သူအနည်းငယ်တော့ တုံ့လှုတ်သွားခဲ့သည်။ ကားသမားက သူတို့ကို ပြန်ပေးဆွဲ တာ ဖြစ်နိုင်ပ့မလား။ ယောက်ျားသား နှစ်ယောက်ကို ပြန် ပေးဆွဲတာ မဖြစ်နိုင်ပါ။ ယောင်းကို ကြည့်လိုက်တော့ အပြင်ဘက်ကို ကြည့်ပြီး အေးအေးဆေးဆေး ပင်။ ဒါဆို ကားသမား ပြန်ပေးဆွဲတာ မဖြစ်နိုင်။ မဟုတ်မှ...
VOCÊ ESTÁ LENDO
The True Untold (Complete)
Humorြဖစ်နိုင်ရင် အဲ့ ဒီ အချိန်တုန်းက နည်းနည်းလောက်ဘဲ ြဖစ် ြဖစ် ကိုယ့် အရဲစွန့်ပြီး မင်းရှေ့မှာ ကိုယ့်ရဲ့ သရုပ်မှန်ကို ပြသခဲ့မယ်ဆိုရင် .ကိုယ်ရဲ့ အထီးကျန်စွာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေက ပြောင်းလဲသွားမလား?။ အခုတော့ ကိုယ်တစ်ယောက်ထဲ မင်းရဲ့ ဘေးကနေထွက်သွားရတေ့...