Unicode
"Happy BirthdayJungkook...ဒီနေ့မင်းစားသမျှ ငါအကုန်ရှင်းမယ်... "
"အဟက်..."
အဟက် Happy birthday တဲ့လား။ သူအတွက် တော့ မွေးနေ့က ပျော်ရွှင်စရာ မဟုတ်ဘဲ သူဘဝကို အမှောင်ကျစေတဲ့ နေတစ်ခုသာ ဖြစ်သည်။ သူ့မွေးနေ့ကြောင့် သူ့မိဘတွေကို သူ ဆုံးရုံး လိုက်ရတာ မဟုတ်ပါလား။ မွေးနေ့မှာလည်း အမြဲ အတိတ်ဟောင်းက ဖြစ်ရပ်ဆိုးက အိမ်မက် တစ်ခု အဖြစ် အမြဲချောက်လန့်တက်တယ်။ ထိုအတွက် သူမွေးနေ့ကို အရမ်းမုန်းပါတယ်။
Yoongi Hungရဲ့ စကားအဆုံး ဘာမှ မပြောဘဲ မဲ့ ပြုံး တစ်ချက်သာ တုံ့ပြန်ပြီး ထွက်သွားတဲ့Jungkookကြောင့် အရမ်းအံသြနေမိသည်။ ဒီနေ့Jungkookမွေးနေ့မှန်း သူမသိခဲ့တာ အမှန်ပါ။ Jungkookမွေးနေ့မှန်းသာ သိရင် သူ တစ်ခုခု ပြင်ဆင်လာမိမှာ။ပြီးတော့ ဘာလို့ အခုလို ထပြီး ထွက်သွားရတာလဲ ။ ဘယ်အရာတွေကများ သူ့ကို အခုလို ဖြစ်စေရတာလဲ။ငါလည်း မင်နဲ့ ပတ်သတ်ပြီး မသိတာတွေ များပါလားJungkookရာ။
"ဟင်း..Jungkookကတော့ ဘယ်တော့မှ အတိတ်ဆိုးတွေကနေ ရုန်း ထွက်နိုင်မလဲ မသိဘူး"
Jungkookအကြောင်းတွေးနေတုန်း Yoongi Hung ပြောလိုက်တဲ့ စကားကြောင့် Jungkookနဲ့ပတ်သတ်ပြီး Yoongi hung သိနေမယ်အထင်နဲ့ သိချင်နေတဲ့Jungkookရဲ့ အကြောင်းကိုမေးလိုက်သည်။
"အတိတ်မှာ ဘာတွေ ဖြစ်ခဲ့ ဖူးလို့လည်း Hung"
"အင်း...သူ့မွေးနေ့နဲ့ ပတ်သတ်ပြီး အတိတ်ဆိုးပေါ့..
သူ့အထက်တန်းတုန်းက သူ့မွေးနေ့မှာ မိဘတွေနဲအ အပြင်မှာ ထွက်ပြီး စားသောက်ဆိုင် တစ်ဆိုင်မှာ မွေးနေ့ လုပ်ပြီး ပြန် အလာ လမ်းမှာ ကားတိုက် မှု ဖြစ်ပြီး သူ့မိဘတွေက ပွဲ ခြင်းပြီး ဆုံးသွားတာ။ သူကတေ့ာ ထိ ခိုက် ဒဏ်ရာ ရတာက လွဲလို့ ဘာမှမဖြစ်ခဲ့ ဘူး။ ဒါပေမယ့်လည်း သိတဲ့ အတိုင်းလေ။ လောကကြီးမှာ ထွက်သွားတဲ့ သူထက် ကျန်ခဲ့တဲ့ သူက ပိုပြီး နာကျင်ရသလိုဘဲ ဂျောင်ကုလည်း နာကျင်မှုတွေရော အထီးကျန်မှုတွေရော ပေါင်းပြီး သူကိုယ်ကို မသိခင်မှာဘဲ သူအခုလို ပုံစံ ဖြစ်လာတာ။ ""သူက သူ့မွေးနေ့မှာဆို အဲ့ အဖြစ်အပျက်က အိမ်မက်ဆိုးအနေနဲ့ အမြဲ ချောက်လန့်တက်တယ်လို့ပြောဖူးတယ်။ ဟင်း....."
YOU ARE READING
The True Untold (Complete)
Humorြဖစ်နိုင်ရင် အဲ့ ဒီ အချိန်တုန်းက နည်းနည်းလောက်ဘဲ ြဖစ် ြဖစ် ကိုယ့် အရဲစွန့်ပြီး မင်းရှေ့မှာ ကိုယ့်ရဲ့ သရုပ်မှန်ကို ပြသခဲ့မယ်ဆိုရင် .ကိုယ်ရဲ့ အထီးကျန်စွာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေက ပြောင်းလဲသွားမလား?။ အခုတော့ ကိုယ်တစ်ယောက်ထဲ မင်းရဲ့ ဘေးကနေထွက်သွားရတေ့...