Part19

695 62 0
                                    

Unicode

"Tae!! မင်းအဆင်ပြေရဲ့လား"

"အဟင့်...ငါအဆင်ပြေမနေဘူး Sungwooရာ..."

အဝေးကနေ မျက်ရည်တွေနဲ့ ပြေးလာတဲ့Taeကို သူမေးလိုက်ခြင်း ဖြစ်သည်။

Taeရာ..ဂျောင်ကုကို အဲ့လောက်တောင်ဘဲ ချစ်ရလားကွာ။ Tae မျက်ရည်တွေ မြင်ရတာ ကိုယ့်ရင်ထဲ ဘယ်လိုမှ မခံစားနိုင်ဘူ ထယ်ရာ။ ကိုလုပ်ရက် မှားသွားလားဟင်။ ကိုယ်Roseyကို ယုံပြီး ထယ့်အကြောင်း ပြောလိုက်တာ မှားသွားပြီလားထယ်။
မှားလက်စနဲ့တော့ ကိုယ်ဆက်မှားပါရစေထယ်။ ကိုယ်မင်းကို စောင့်ရှောက်ပေးမှာပါ။

တုန်ယင်စွာငိုနေတဲ့ ထယ့်ကိုယ်လေးကို ရင်ခွင်ထဲထည့်လိုက်တော့ ပိုတိုးလို့ပင်ငိုနေတဲ့ ထယ်လေး။ ကိုယ့်အတွက် မဟုတ်ဘဲ တစ်စုံတစ်ယောက်အတွက် ငိုနေတယ်ဆိုတဲ့ အသိက နာကျင်ရပေမယ့် ကိုယ်ရင်ခွင်ထဲမှာ ငိုနေတယ်ဆိုတဲ့ အသိက ကြည်နူးစေသည်။

"ငိုချလိုက်ပါထယ်....ကိုယ်ရင်ခွင်ထဲမှာ ငိုချလိုက်ပါ"

Sungwooကိုဝော့ာ ဒီတစ်ခါ သူ မငြင်းမိပါ။ငြင်းဖို့လည်း သူ့မှာ အင်အားမရှိပါ။ သူအခု နှလုံးသားက ဆွဲဆုပ်ထားသကဲ့သို့ နာကျင်နေရသည်။ ထို့အတွက် Sungwoo ရင်ခွင်ထဲ ရောက်တော့ မငြင်းတာ့ဘဲ ပိုတိုးလို့ပင် ငိုချလိုက်သည်။

...........

"Roseyဒီမှာ ထိုင်လို့ရမလား"

သူတို့လေးယောက် ကန်တင်းမှာ မုန့်စားနေတုန်း ရောက်လာတဲ့ roseyကြောင့် အားလုံးရဲ့ အကြည့်‌ေတွ roseyဆီရောက်ကုန်သည်။
သူထိုင်ဖို့ ခွင့်တောင်းတဲ့နေရာက ဂျောင်ကုရဲ့ ဘေးနားမှာ ြဖစ်သည်။

သူနဲ့မောင်နဲ့ကနဲ့ကတော့ မနေ့က ဘာမှ မဖြစ်ခဲ့တဲ့ ပုံစံတွေနှင့်သာ အရင်နေ့တွေလို သူငယ်ချင်းပုံစံနဲ့ ပြန်နေခဲ့သည်။ နာကျင်လားမေးရင် နာကျင်ရတာပေါ့။ ကိုယ်အရမ်းချစ်တဲ့ မောင်က တစ်ခြားတစ်ယောက်ကို ချစ်နေတာ မနာကျင်ရဘဲ နေမလား။

"အင်း ထိုင်လေ"

"ဟုတ်.."

"Jeon~~~~"

မိန်းမ မာယာတွေထဲက တစ်ခုဖြစ်တဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ အသံနဲ့ ဂျွန် လို့ ခေါ်လိုက်တဲ့ သူမက တစ်ခြား ယောက်ျားတွေ အတွက်တော့ ရင်ခုန်စရာ ကောင်းနေပေလိမ့်မည်။ သူ့အတွက်တော့ ယောင်းလေးရဲ့ ခပ်ဩဩ အသံလေးကသာ သူ့ရဲ့နှလုံးသားကို လှုပ်ခတ်စေနိုင်သည်။

The True Untold (Complete)Where stories live. Discover now