Unicode
သူ့လက်ကို ကိုင်ပြီး ဆွဲခေါ်လာတဲ့ ထိုလူသား သူရုန်းလည်း မရုန်းမိသလို ပြန်လည်း မကိုင်ထားမိ ။
ကြောက်စိတ်တွေလည်း အနည်းငယ် ရှိနေတာကြောင့် ဒီတိုင်းလေးဘဲ ငြိမ်နေရင်း လိုက်လာခဲ့သည်။
သူတစ်ခုတော့ ခံစားမိသည်။
ခုနက Jungkookသူ့ကို ကယ်တုန်းကလိုတော့ သူရင်တွေခုန်မနေခဲ့ ။
သူ့လက်ကို maskနဲ့လူ ကိုင်ထားပေမယ့်လည်း သူဖြစ်စေချင်နေတာ ထိုလူမဟုတ် ။
အမှန်တိုင်းပြောရရင် ထိုmaskနဲ့ လူသားကိုတောင် Jungkookကိုဖြစ်စေချင်သည်။အဟက်..သူက ရယ်စရာကောင်းတယ်မလား။
ကိုယ့်ကို အမြဲ ကယ်တင်ပေးနေတဲ့ သူကို မှအားမနာ ထိုလူ့နေရာမှတောင်Jungkookကို ဖြစ်စေချင်တယ် ဆိုပြီး ရူးမိုက်စွာ တွေးလိုက် မိသည်။ထိုလူဘာကြောင့်ဘဲ သူကို ကယ်ပါစေ သူထိုလူကို ချစ်လာမည်မဟုတ်။
သူသိတယ် သူJungkoookနဲ့တုန်းက ရင်ခုန်သံတွေမြန်နေခဲ့တာ ။
သူJungkookကို ချစ်နေတာလို့ခေါင်းစဥ်မတပ်ချင်ပေမယ့် သူရင်ခုန်ဖူးတာ Jungkookပထမဆုံးလေ ။Jungkookရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကို ထပ်ပြီး မြင်တွေ့ခွင်ရချင်သေးသည်။
အဲ့အတွက်လည်း သူကြိုးစားမှာ ။နောက်တစ်ပတ်ကျောင်းဖွင့်ရင် ငါမင်းနောက်ကိုလိုက်ပြီး မင်းရဲ့ မျက်လုံးဝိုင်ဝိုင်းလေးတွေကို တွေ့ရဖို့ ငါကြိုးစားတာ့မယ် Jungkook။
အဲ့အတွက် ငါ့ကို မင်းဘယ်လိုဘဲ အရှက်ခွဲပါစေ နှိပ်ဆက်ပါစေ ငါခံယူမှာပါ။
ပြီးတေ့ာ မင်းရဲ့ မျက်လုံးတွေက အရမ်းဖြူစင်တယ် ။
ငါမင်းရဲ့ အခုလို ဖြစ်နေရတဲ့ အကြောင်းအရင်းကိုပါ ရှာမှာJungkook...သူလက်ကို ကိုင်ထားသော်လည်း သူ့လက်ကို ပြန်မကိုင်ထားသောယောင်းလေး ။
ဘာဘဲ ဖြစ်ဖြစ် အခုလိုလေး ကိုင်ခွင့်ရတာ ကိုဘဲ ကျေနပ်ပါသည်။
ကယ်ရျ်များ သူက Jungkookဆိုတာ သိရင် အခုလို ကိုင်ခွင့်တောင်ရှိပါအုံးမလား? ။
ကိုယ်ရဲ့ နုံခြာလွန်းတဲ့ပုံစံနဲ့တော့ မင်းကိုအခုလိုမျိုး မင်းရဲ့ လက်ကို ကိုင်ဖို့မရဲဘူးယောင်းရာ။
YOU ARE READING
The True Untold (Complete)
Humorြဖစ်နိုင်ရင် အဲ့ ဒီ အချိန်တုန်းက နည်းနည်းလောက်ဘဲ ြဖစ် ြဖစ် ကိုယ့် အရဲစွန့်ပြီး မင်းရှေ့မှာ ကိုယ့်ရဲ့ သရုပ်မှန်ကို ပြသခဲ့မယ်ဆိုရင် .ကိုယ်ရဲ့ အထီးကျန်စွာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေက ပြောင်းလဲသွားမလား?။ အခုတော့ ကိုယ်တစ်ယောက်ထဲ မင်းရဲ့ ဘေးကနေထွက်သွားရတေ့...