Unicode
"ဟမ် Tae Tae... ဘာဖြစ်တာလဲ "
ဒီနေ့ သူသန့်စင်ခန်း သွား ခြင်လို့ Taeနဲ့ Jungkookတို့ကို အရင် ကန်တင်းကို လွှတ်လိုက်တာ။ သန့်စင်ခန်းက အပြန် လမ်းတစ်ဝက် မှာ မျက်ရည်တွေ ဝဲ ပြီးပြေးလာနေတဲ့Taeကိုတွေ့တော့ ရင်ထဲ စိုးရိမ်း မှုတွေအပြည့်။
"အဟင့်... Jimin...ငါ့ကို သန့်စင်ခန်းထဲရောက်အောင်အရင်ပိုပေးပါ။"
အစကတည်းက လူက ပြိုလဲ ခြင်နေတာ Jiminကိုတွေ့တော့ ပိုရျ်ပင် ငိုချင်လာတာကြောင့် အမြန်ပင် သန့်စင်ခန်းကို ပို့ခိုင်းရသည်။ လမ်းမှာသူမငိုချင်ပါ။ ကျောင်းကလူတွေရဲ့ မျက်ဝန်းတွေ ထဲမှာ သူအားနည်းတာကို မပြချင်။
"အေးအေးလာလာ။ မငိုနဲ့..ငါရှိတယ်Tae"
သန့်စင်ခန်းထဲ ရောက်တော့ အခန်းတစ်ခန်းထဲကို ပြေးဝင်သွားတဲ့Taeကြောင့် အမြန်ပင် အနောက်က လိုက်ကာတံခါးကို ချက်ချ လိုက်တယ်။ တုန်ယင်နေတဲ့Taeကိုယ်လုံးလေးကို ရင်ခွင်ထဲ ထည့်ပြီး ပှေ့ ဖက်ထား လိုက်တော့ ပိုတိုးလို့ ငိုလာတဲ့Taeလေး။
ဘယ်သူကများ Taeကို ဒီလိုဖြစ်အောင်လုပ်ရတာလဲ။ ငါတောင် မထိရက် မကိုင်ရက် တန်ဖိုး ထားရတဲ့ ငါသူငယ်ချင်းကို ဘယ်သူ ကဒီလို ဖြစ်အောင် လုပ်တာလဲ။လုပ်တဲ့သူကို သူဘယ်လိုနည်းနဲ့မှ ခွင့်လွှတ်နိုင်မည်မဟုတ်။"ဘာဖြစ်တာလဲ Tae..ငါ့ကိုပြော"
"ဟင့်အင်း...အဟင့်..ငါ့ကို ဘာမှမမေးပါနဲ့...အဟင့် ဒီတိုင်းလေးဘဲ ...အဟင့်..ဒီတိုင်းလေးဘဲ ငိုခွင့်ပေးပါJimin na..."
အခုချိန်မှာ Taeကို အတင်း သူမမေးချင်တော့။ Taeစိတ်တိုင်းကျ သူ့ရင်ခွင်ထဲ မှာသာ ငို ခွင့် ပေးလိုက်တော့သည်။ Tae..မင်းကငါရဲ့ အချစ်ဆုံး သူငယ်ချင်းမို့ မင်းက အခုလို ဖြစ်အောင်လုပ်တဲ့သူတွေကို ငါခွင့်လွှတ်မှာမဟုတ်ဘူးTae...။
--------------
"ဟေ့..ခနလေး"
ညနေ အတန်း ပြီးတော့ တိုက်ခန်းကို ပြန်ဖို့လုပ်တုန်း အနောက်က လှမ်းခေါ်လိုက်တဲ့ အသံကြောင့် ကြည့် လိုက်တော့ မာန မင်းသမီး Rosey။
"အဟက် တို့လှတာ တို့သိပါတယ် အဲ့လောက်ကြီး ကြောင်ကြည့် မနေနဲ့"
YOU ARE READING
The True Untold (Complete)
Humorြဖစ်နိုင်ရင် အဲ့ ဒီ အချိန်တုန်းက နည်းနည်းလောက်ဘဲ ြဖစ် ြဖစ် ကိုယ့် အရဲစွန့်ပြီး မင်းရှေ့မှာ ကိုယ့်ရဲ့ သရုပ်မှန်ကို ပြသခဲ့မယ်ဆိုရင် .ကိုယ်ရဲ့ အထီးကျန်စွာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေက ပြောင်းလဲသွားမလား?။ အခုတော့ ကိုယ်တစ်ယောက်ထဲ မင်းရဲ့ ဘေးကနေထွက်သွားရတေ့...