Part4

841 82 0
                                    

Unicode

"Tae မင်းဘာဖြစ်နေတာလဲ တစ်လမ်းလုံး ငြိမ်နေလိုက်တာ မင်းမဟုတ်တဲ့အတိုင်းဘဲ"

သူMaskနဲ့သူ ဘယ်သူလဲ ဆိုတာတွေးနေတုန်း Jiminပြောတဲ့အသံ ကြားမှဘဲ လက်ရှိ အခြေနေကိုပြန်ရောက်လာခဲ့သည်။

"ဘာမှ မဖြစ်ပါဘူး ငါစိတ်ထဲ နေလို့်မကောင်းလိုပါ"

"ဟမ် ဘာဖြစ်တာလဲ ဘယ်နားကနေလို့မကောင်းတာလဲTae ဆေးရုံသွားမလား"

သူစိတ်ထဲ နေလို့မကောင်း ဘူးပြောလိုက်တော့ ပျာပျာသလဲ ဂရုစိုက်ပေးတဲ့ သူရဲ့ နှစ်ယောက်မရှိတဲ့ သူငယ်ချင်း Jimin။
သူJiminကိုပြောပြ သင့်တယ် ထင်တယ် ။
Jiminနဲ့ဆို နှစ်ယောက်သားတွေရင် အဖြေထွက်လာရင် ထွက်လာမှာ။

"မဟုတ်ပါဘူး Jiminရာ..ငါမင်းကိုပြောစရာရှိတယ်"

"အေးပြောလေ နေမကောင်းရင်တော့ ဆေးခန်းသွားပြရမယ်နော်"

"မဟုတ်ပါဘူးဆိုကွာ ငါပြောပြမယ်..ဟိုတစ်နေ့က ငါ အပြင်ထွက်ပြီး မုန့်သွားဝယ်တာသိလား ညဘက်ကြီးလေ"

"အေးသိတယ်လေ အဲ့နေက မင်း အူယားဖားယားပြေးလာတာလေ ဘာဖြစ်လို့လဲ ငါလည်း သိချင်နေတာ"

"အေး အဲ့နေ့က ငါ့ကို အရက် မူး သမားနှစ်ယောက် ဆွဲ လားရမ်းလား လုပ်နေတာကွာ ခနအကြာတော့ Hoodie အနက်ရောက်နဲFace maskအနက်ရောင်တက်ထားတဲ့ သူတစ်ယောက် က လာပြီး ဝင်ကယ်ပေးသွားတာ  မင်းစဥ်းစားကြည့်ကွာ သာမာန် လူတာဆို အဲ့လိူ့ ညဘက်ကြီးMaskတပ်မလား .....ငါနောက်လိုက်နေတာများ မဖြစ်နိုင်ဘူးလား"

သူပြောသမျှ ကို ငြိမ်ပြီးနားထောင်နေတဲ့Jimin။
သူ့စကားလည်းဆုံးရော

" မဖြစ်နိုင်ပါဘူး မင်းကလည်း သူ့ဘာသာ အကြောင်းရှိလို့ maskတပ်လာရင်းနဲ့ မင်းအကူညီလိုလို့ ဝင်ကယ်ပေးတာနေမှာပေါ့"

"ငါလည်း အစတုန်းက အဲ့လို ထင်တာကွ..ဒါပေမယ့် ဒီနေ့ အိမ်သာထဲက အပြန်မှာSungwooငါ့ကို ပြောတဲ့ စကား အရဆို သူ ငါ့နောက်ကို လိုက်နေတာသေချာတယ်ကွ"

"ဘာ!!!"

"မင်းကွာ ဘာထဖြစ်တာလဲ လန့်တာ!"

"Sungwoo က မင်းကို အနိုင်ကျင့်သေးတာပေါ့ဟုတ်လား"

The True Untold (Complete)Onde histórias criam vida. Descubra agora