Unicode
2 years later...
"မောင့်ရဲ့သဲတုံးလေး..ပူတူတူလေး၊ အဆီစုလေး၊ ကျောက်ကပ်လေး ၊အသည်းနှလုံးလေး၊ မောင့်အသက်လေး ၊မောင့်ယောင်းလေး မောင်ပြန်လာပြီလေကွယ် ..မောင့်ကို လာကြိုပါအုံး.."
အရင်ကဆို သူပြန်လာရင် ခြံရှေ့၌ အမြဲထွက်ကြိုေနတက်ေသာ ယောင်းလုံးလံုးလေးသည် ယနေ့တွင်တော့ သူLiving roomထဲ ရောက်သည်အထိ ထွက်မကြိုပါ။
ထွက်မကြိုဆို ယောင်းလုံးလုံးလေးက သူ့ကို စိတ်ကောက်နေသည် မဟုတ်ပါလား။
မနက်က ယောင်းလုံးလေးကို မနှိုးဝောာ့ဘဲ အလုပ်သွားသည်မို့ သူကို စိတ်ကောက်နေခြင်း။ဘာလို့ မနှိုးလဲဆိုတာကတော့ ညက သူကြောင့် ယောင်းလေး အရမ်းပင်ပန်းထားတယ် မဟုတ်လား။
နေ့တိုင်း နေ့လည်စာကို သူနှင့်အတူ companyမှာ လာစားတက်သော ယောင်းလုံးလေးသည် ဒီနေတော့ ရောက်မလာတာကြောင့်ဖုန်းဆက်ကြည့်တော့ မကိုင်တာဘဲ ချချ သွားတာကြောင့် ယောင်းလုံးလေး စိတ်ကောက်နေပြီဆိုတာ ဒီကောင်ကြီး သိလိုက်ပါပြီ။
ထို့ကြောင့်လည်း ဒီနေ့ ရုံကနေစောပြန်ကာ အခုလို့ ချော့ နေရခြင်း ။
ဟော..တွေးနေရင်း လာပါပြီ ဆူဆူပုတ်ပုတ်လေးလေး။
ရှိသမျှ နှုတ်ခမ်းကို မိုင်ကုန်ဆူထားတာ စောင့်အောင့်ပြီး ဆင်းလာသော ယောင်းလုံးလေးသည် သူ့ကိုစိတ် ဘယ်လောက်ထိ ကောက်နေကြောင်း အစွမ်းကြောင်းပြသနေတော့သည်။
ထိုပုံစံလေးကိုပင် ဒီကောင်ကြီးက ချစ်လွန်းလို့ ရူးမတက်ပင်။
အသည်းယားစရာကောင်းလွန်တဲ့ ယောင်းလုံးလေးကို သူအူးယားမတက် ြဖစ်နေရသည်။"အား....ယောင်းလုံးလေးရေ လာပါ ..လာပါ ကိုယ့်ဆီ..ကိုယ့်အသည်းယားလွန်းလို့ ကို အမြန်ပြေးပွေ့ချင်လာပြီ"
လှေကားပေါ်ကနေ ဆင်းလာနေသည့် ယောင်းလေးကို သူအူးယားလွန်းလို့ မထိန်းစွာ ပြောလိုက်မိသည်။
"ဖယ်နော်...အသားထိမယ် မကြံနဲ့...အနားတောင်မကပ်နဲ့...ကိုယ့်အပြစ်ကိုယ်သိတယ်မလား.."

YOU ARE READING
The True Untold (Complete)
Humorြဖစ်နိုင်ရင် အဲ့ ဒီ အချိန်တုန်းက နည်းနည်းလောက်ဘဲ ြဖစ် ြဖစ် ကိုယ့် အရဲစွန့်ပြီး မင်းရှေ့မှာ ကိုယ့်ရဲ့ သရုပ်မှန်ကို ပြသခဲ့မယ်ဆိုရင် .ကိုယ်ရဲ့ အထီးကျန်စွာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေက ပြောင်းလဲသွားမလား?။ အခုတော့ ကိုယ်တစ်ယောက်ထဲ မင်းရဲ့ ဘေးကနေထွက်သွားရတေ့...