Unicode
ကန်တင်းထဲရောက်တော့ သူ့ကိုဘဲ ထူးဆန်းသလို ဝိုင်းကြည့်နေကြတဲ့ လူတွေ။ ဘာကိုမှ ဂရုမစိုက်ဘဲ ယောင်းလေး တို့နဲ့ အတူ ဝင်ထိုင်လိုက်တယ်။ ဆိုင်ရှင်ဆိုတဲ့ လူကြီးကလည်း အခုလိုကျ နည်းနည်းလေးတောင် မောင်းမထုတ် ။ သူရောက်လာလို့ သူ့ဆိုင်မှာကောင်မလေးတွေ အများကြီး ဝင်လာလို့တောင် ထိုဆိုင်ရှင်လူကြီးက သူ့ကို အထူးအဆန်းသဖွယ်တောင် ကြည်နေလိုက်သေးသည်။
"ဟဲ့ ဟဲ့ အ့တာ ဘယ်သူလဲဟ ချောလိုက်တာဟယ်"
"အ့တာ ဘယ်သူလဲဆိုတာ နင်တို့တွေ သိရင် မူးတောင်လဲအုံးမယ်"
တစ်ဖက်ဝိုင်းက ကောင်မလေးတွေရဲ့ စကားကိုကြားတော့ ခနက Jungkookမှန်း သိခဲ့တဲ ကောင်မလေးသုံးယောက်ထဲက တစ်ယောက်က ကြားဖြတ်ဝင်ပြောလိုက်သည်။
"ဟုတ်လား ဘယ်သူမို့လို့လဲ ။ ငါတော့ အတော် သိချင်နေပြီ ပြောပြစမ်းပါဟယ်"
"အ့တာ Jeon Jungkookလေ"
"ဟမ်!!!"ဘာ!!!!"ဟယ်!!!
ထိုကောင်မလေး ပြောလိုက်တော့ အလန်းတကြားထအော်တဲ့ တစ်ဖက်ဝိုင်းကကောင်မလေးများ။ ခနအကြာတော့ သူတို့လိုဘဲ Jungkookကို ကြည့်နေတဲ့ ကြတဲ့ တစ်ခြားကောင်မလေးတွေကို Jungkook ဖြစ်ကြောင်း အကြိ်တ် အနယ် ပြောပြ ကုန်သည်။
ဟိုကနေကြားဒီကနေကြားနဲ့ ထိုသတင်းက တစ်ကျောင်းလုံးကို ပြန့်သွားခဲ့တယ်။ တစ်ခြားMajorက ကျောင်းသူတွေကလည်း ထိုသတင်းကြောင့် Jungkookရှိတဲ့နေရာကို အပြိုင်အဆိုင် လာငေးနေကြသည်။Jungkookကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ သူပုံစံအတိုင်းသာ ခပ်တည်တည်နှင့်သာ နေနေသည်။ ထိုပုံစံကိုကဘဲ အရမ်းတွေဆွဲဆောင်မှု ရှိနေသည် မဟုတ်ပါလား။
"Wow...Jungkookတို့ကတော့King ဖြစ်ပြီ ဟေ့။ ဒီနေ့ပုံစံပြောင်း ဒီနေ့ ကောင်မလေးတွေ အများကြီး လာကြည့်။.Wow....မိုက်နေရော"
တ Wow Wowနဲ့ ချီးကျူးနေသော Jimin ကို Jungkook ဘာမှမပြောဘဲ ဒီအတိုင်းသာ ငြိမ်နေလိုက်တယ်။ Taehung ကိုကြည့်တော့ ဘာတွေ အလိုမကျလို့လည်း မသိ။ နှုတ်ခမ်းလေးက မသိမသာလေးဆူနေလိုက်သေးတယ်။ ထိုပုံ စံလေးကြောင့် Jungkook မသိမသာလေး ပြုံး လိုက်မိတော့
ESTÁS LEYENDO
The True Untold (Complete)
Humorြဖစ်နိုင်ရင် အဲ့ ဒီ အချိန်တုန်းက နည်းနည်းလောက်ဘဲ ြဖစ် ြဖစ် ကိုယ့် အရဲစွန့်ပြီး မင်းရှေ့မှာ ကိုယ့်ရဲ့ သရုပ်မှန်ကို ပြသခဲ့မယ်ဆိုရင် .ကိုယ်ရဲ့ အထီးကျန်စွာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေက ပြောင်းလဲသွားမလား?။ အခုတော့ ကိုယ်တစ်ယောက်ထဲ မင်းရဲ့ ဘေးကနေထွက်သွားရတေ့...