Part12

749 71 5
                                    

Unicode

"အားးးးးးးမဖြစ်ရဘူး"

*ဒုန်း*

တိုက်ခန်းတစ်ခုထဲမှာတော့ အော်သံနဲ့အတူ ပစ္စည်းတွေပါ ပြုတ်ကျသွားတဲ့ အသံက ထိုအိမ်ထဲဍ် ရှိနေတဲ့သူရဲ့ ဒေါသကို ဖော်ပြနေသယောင်။ ဒေါသကိုပြေလိုပြေညား လက်သီးကို တင်းနေအောင်ဆုပ်ထားပြီး စိတ်ထဲအလို မကျမှုများကို လက်သီးတွေမှာ စုပုံထားသလား ထင်ရအောင် သွေးကြောတွေ ပေါ်နေသည်အထိ လက်သီးကို တင်းတင်းကြပ်ဆုပ်ထားသော ထိုလူ။

Taeနဲ့ ပတ်သတ်ပြီး Jungkookကို သိပ်မသင်ကာတာကြောင့် နောက်ဆုံးအချိန် အတန်းမတက်ဘဲ Taeတို့အတန်းရဲ့ မလှမ်မကမ်း သစ်ပင်အောက် မှာ စောင့်နေခဲ့တယ်။အတန်းပြီးတော့ အလျှိုလျို ပြန်သွားကြတဲ့ သူတွေထဲမှာ Taeတို့လည်းပါတာပေါ့။  Taeက Jungkookကို အိမ်အတူ ပြန်ဖို့ခေါ်တော့ Jungkookက ငြင်းလိုက်တာကို မြင်လိုက်ပါသေးတယ်။ Taeတို့ထွက်သွားပြီးနောက် Jungkookရဲ့ ခြေလှမ်းတွေက အိမ်ပြန်လမ်းမဟုတ်ဘဲ ကျောင်းရဲ့ တစ်နေရာကို သွားနေတာကြောင့် နောက်ကနေ မသိမသာ  လိုက်ကြည့်လိုက်တော့ ကျောင်းရဲ့ဂိုထောင်အပျက်တစ်လုံး။ဂိုထောင်ရဲ့ မလှမ်းမကမ်းက သစ်ပင်ကနေ Jungkook ပြန်ထွက်လာမယ့် အချိန်ကို စောင့်ကြည့်နေခဲ့တယ်။ ခနအကြာတော့ Hoodie အမည်းရောင်နဲ့ mask တပ်ထားသော လူတစ်ယောက် ထွက်လာတယ်။ ဒါဆို......။
ဟင့်အင်း မဖြစ်နိုင်တာ ။ Jungkookက Taeကိုကာကွယ်ပေးနေတဲ့သူ မဖြစ်နိုင်တာ။
စိတ်ထဲ အတင်းငြင်းနေပေမယ့် လက်တွေ့မှာတော့ အရားအားလုံးက သူရဲ့ ငြင်းဆိူမှုကို ပျက်ရယ် ပြုနေသလားအောင့်မေ့ရတယ်။
ထပ်ပြီးသေချာအောင် Jungkook သွားတဲ့နောက်ကို လိုက်ကြည့်လိုက်တော့ ဟိုးအဝေးတစ်နေရာမှာရှိနေတဲ့ Taeနဲ့ Jiminကို ကြည့်ကာ အနောက်ကနေ တိတ်တဆိတ် လိုက်​ေနသောJungkookကြောင့် သူခြေလှမ်းကို ရပ်တန့်လိုက်ပြီး ကိုယ်ပိုင်တိုက်ခန်းဆီကို အတွေး မျိုးစုံနဲ့ ပြန်လာခဲ့သည်။
ဒါဆို Taeကိုကာကွယ်ပေးနေတာJungkookပေါ့။ Taeမသိလောက်သေးဘူးထင်တယ်။ ဟင့်အင်း Taeသိလို့မဖြစ်ဘူး။ Taeက အခုJungkook ကို သဘောကျနေတာမလား။ Taeသာ သူ့ကို ကာကွယ်ပေးနေတာ Jungkookမှန်းသိရင် အခုထက် ပိုချစ်မှာ။ ဟင့်အင်း မဖြစ်ရဘူး။

The True Untold (Complete)Tempat cerita menjadi hidup. Temukan sekarang