Unicode
"မောင် ...အဟင့်..မင်းဘာမှ မဖြစ်ရဘူးနော်...မင်းသေရဲ သေကြည့် ငါမင်းနောက်လိုက်လာခဲ့မှာ ..အဟင့် ...ငါ့ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့မောင်ရယ်...အဟင့်"
သွေးသံရဲရဲ ြဖင့် တွန်းလှဲပေါ်တွင် လဲလျောင်းနေသော ဂျောင်ကုရဲ့ လက်ကို ကိုင်တာ ရိူက်ကြီး တငင် ငိုယိုပြီး ပြောနေသော ထယ်ယောင်းရဲ့ အသံဟာ ဆေးရုံထဲ၌ ပျံနှံနေတော့သည်။
"ခွဲစိတ်ခန်းထဲ ကို ရွှေ့မယ် အမြန်!!!"
Dr. Hoseok ကတော့ အောက်ဆီဂျင် ဘူး အမြန်ချိတ်ကာ ဂျောင်ကုကို ခွဲစိတ်ခန်းထဲ ပို့ဖို့ လက်ထောက် အကူတွေကို အလောတကြီး အသိပေးနေသည်။
"Dr...အဟင့် ..မောင့်ကို ရအောင်ကယ်ပေးပါ Drရယ်..အဟင့် ..ကျွန်ဝောာ် ရှိခိုးပြီး တောင်းပန်ပါတယ်.."
"စိတ်လျှော့ပါ ...ကျွန်တော်တို့ ရအောင်ကြိုးစားပေးမှာပါ ...အခုတော့ ခွင့်ပြုပါအုံး..အလျှင်လိုနေလို့.."
ထို့နောက်တွင်တော့ ခွဲစိတ်ခန်းထဲ ၀င်သွားသော ဂျောင်ကုနဲ့အတူ Dr.hoseokနဲ့ အကူလက်ထောက်တို့လည်း ခွဲစိတ်၀တ်စုံလဲကာ ၀င်သွားတော့သည်။
ခွဲစိတ် အဆောင် ရှေ့တွင်တော့ ထယ်ယောင်းမှာ ရုပ်ကြိုး ပျက်ကျသွားသလို့ ပျော့ခွေသွားပြီး
ထိုင်လျှက် ငိုကျွေးနေတော့သည်။ထိုအချိန် ထယ်ယောင်းရဲ့ ပုခုံးပေါ် ကျရောက်လာသော လက်တစ်စုံ..
"ထယ်..."
"Jimin....."
ခေါင်းမှာ ပတ်တီး အဖွှေးသားနဲ့ jiminကို မြင်တော့ အားကိုရမည့်သူ တွေ့သည့် ကလေးနှယ် ပိုတိုးလိုပင် ငိုတော့သည်။
သူရင်ခွင်ထဲကို အတင်း၀င်ကာ ရှိုက်ကြီးတငင် ငိုလာသော ထယ့်ကိုယ်လုံးလေးကို သူပြန်လည် ပွေ့ဖက်ရင်း ကျောကုန်းလေးကို ပွတ်သတ်ပေးကာ ထယ့်ကို ချေိာပေးလိုက်သည်။
ငိုလိုက်ပါထယ်။ငါလည်း မင်တို့နှစ်ယောက်ကို ကြည့်ပြီး အရမ်းနာကျင်ရသည်။
သူတို့နှစ်ယောက် အဖြစ်ကို မျက်ရည်တွေဝဲလျှက် ကြည့်နေတဲ့ Yoongiလည်း ရှိနေခဲ့သည်။
YOU ARE READING
The True Untold (Complete)
Humorြဖစ်နိုင်ရင် အဲ့ ဒီ အချိန်တုန်းက နည်းနည်းလောက်ဘဲ ြဖစ် ြဖစ် ကိုယ့် အရဲစွန့်ပြီး မင်းရှေ့မှာ ကိုယ့်ရဲ့ သရုပ်မှန်ကို ပြသခဲ့မယ်ဆိုရင် .ကိုယ်ရဲ့ အထီးကျန်စွာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေက ပြောင်းလဲသွားမလား?။ အခုတော့ ကိုယ်တစ်ယောက်ထဲ မင်းရဲ့ ဘေးကနေထွက်သွားရတေ့...