Unicode
"Tae...မင်း ဂျောင်ကုနဲ့ အခုလို နေနေရတာ အဆင်ပြေရဲ့လား"
ဟုတ်ပါသည်။ သူနဲ့ မောင်နဲ့ အရင်လို မဟုတ်တော့ပါ။ အရင်က သူငယ်ချင်းလိုတောင် နေခဲ့ကျပေမယ့် အခုရက်ပိုင်း မောင်ကလည်း သူဆို မျက်လုံးနဲ့ေတာင် အကြည့်ချင်းမဆုံတော့သလို သူလည်းဘဲ မသိသလို နေလာခဲ့သည်မှာ Sungwooနဲ့ သူအတူ လိုက်သွားသည့်နေ့ထဲကပင်ဖြစ်သည်။ ဒီသုံးရက်တွင်း အဆင်ပြေလား မေးရင် မပြေတာတော့ အမှန်ပါ။ Roseyနဲ့ ပျော်ရွှင်နေတဲ့ မောင့်ကို မြင်ရင် သူ့ရင်ထဲအရမ်းနာကျင်ရပါသည်။
"အင်း...ငါအဆင်ပြေပါတယ်"
"အင်းပါ..ငါက မင်းအဆင်မပြေမှာဆိုးလို့ပါ"
မင်းတို့နှစ်ယောက်ကြားမှာ အကုန်လုံးသိနေတဲ့ငါက မင်းကို ဖုံးကွယ် မိလို့ အပြစ်ရှိသလို ခံစားနေရတယ် ထယ်။ ဂျောင်ကု ပြောတာတွေကလည်း မှန်တယ်ပေမယ့် ငါအခုလို မင်းခံစားနေရတာ ငါမမြင်ချင်ဘူးထယ်ရယ်။ငါမင်းကို ဂျောင်ကု အခြေအနေကို ပြောပြသင့်တယ် မလား။
"ထယ် တကယ်တော့လေ..အား!!!"
သူ့ထယ့်ကို ပြောပြဖို့ ပြင်လိုက်တဲ့ အချိန်မှာပင် ခေါင်းပေါ်ကနေခံစားလိုက်ရတဲ့ ဆစ်ခနဲ နာကျင်မှုကြောင့် မူးဝေသွားတဲ့ ခေါင်းနဲ့ အတူ အော်သံ ထွက်သွားသည်။ ထယ်ဘက်ကို လှည့်လိုက်တော့ ဘယ်ကမှန်းမသိတဲ့ လူတစ်စုက ထယ့်ကို မေ့ဆေးအုပ်ကာ ကားပေါ်တင်ပြီး မောင်းထွက်သွားပြီ ဖြစ်သည်။
"ဂျီမင်း...မင်းရဲစခန်းကို ဖုန်းဆက်ပြီး လိုက်လာခဲ့...ငါ့ထယ့်နောက်လိုက်သွားမယ်..ငါ့ဖုန်းထဲကနေ GPSနဲ့ ငါရှိမယ့် နေရာကို လာခဲ့လိုက်"
"အကို..အဲ့တာ ကျနော်ဆိုင်ကယ်လေဗျာ...ရားး....ခဗျား...ကျနော်ဆိုင်ကယ် ပြန်ပေး!!!"
သူခေါင်းမူးနေရ်ျ မထနိုင်သေးခင်မှာပင် ဂျောင်ကုရဲ့ အသံကြောင့် လှည့်ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်ရဲ့ ဆိုင်ကယ်ကို အတင်းယူကာ သူ့ကို တရက်စက် မှာပြီး မောင်းထွက်သွားတဲ့Jungkookကြောင့် သူမူးနေတဲ့ ခေါင်းကို လျစ်လျူရူကာ ရဲစခန်းကို ဖုန်းဆက်ဖို့ လုပ်ရတော့သည်။
![](https://img.wattpad.com/cover/291506757-288-k695364.jpg)
YOU ARE READING
The True Untold (Complete)
Humorြဖစ်နိုင်ရင် အဲ့ ဒီ အချိန်တုန်းက နည်းနည်းလောက်ဘဲ ြဖစ် ြဖစ် ကိုယ့် အရဲစွန့်ပြီး မင်းရှေ့မှာ ကိုယ့်ရဲ့ သရုပ်မှန်ကို ပြသခဲ့မယ်ဆိုရင် .ကိုယ်ရဲ့ အထီးကျန်စွာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေက ပြောင်းလဲသွားမလား?။ အခုတော့ ကိုယ်တစ်ယောက်ထဲ မင်းရဲ့ ဘေးကနေထွက်သွားရတေ့...