Part22

841 72 0
                                    

Unicode

မောင်က သူ့ကို တကယ်ဘဲ ထားသွားတာဘဲ..။
ဟင့်အင်း ယောင်း မောင်မရှိဘဲ အသက်မရှင်နိုင်ဘူး။ ယောင်း မောင့်နောက်လိုက်ခဲ့မယ် မောင်။

ဟုတ်တယ် ။ ငါမောင့်နောက်လိုက်သွားရမယ်။

"ထယ်!!!! မင်းဘယ်သွားမလို့လည်း...ထယ်!!!!"

ထိုင်ရက်နဲ့ ငိုင်နေရာကနေ ထပြီး ထွက်ပြေးသွားတဲ့ ထယ်ကြောင့် သူတားသော်လည်း မမှီလိုက်ပေ။

သူအနောက်ကနေ ပြေးလိုက်သော်လည်း ဓာတ်လှေကားနဲ့ တက်သွားပြီ ဖြစ်သော ထယ့်နောက်ကို သူ ရိုးရိုးလှေကားကနေ အမြန် ပြေးတက်ကာ လိုက်ရတော့ သည်။

သူထယ်ဘာလုပ်မလည်းသိနေသည်။ ထယ်ဒီဆေးရုံပေါ်မှာ ခုန်ချမယ် ဆိုတာ သူသိနေသည်။

သူတားရမည်။ သူချစ်ရတဲ့ သူ့ သူငယ်ချင်းကို သူအဆုံရှုံး မခံနိုင်ပါ ထို့အတွက်ကြောင့် သူတားရမည်။

သူရောက်သွားသော်လည်း ပိတ်ထားသော တံခါးကြောင့် သူခေါင်မိုးထက်ကို တက်လို့ မရဖြစ်နေသည်။

*ဒုန်း ဒုန်း *

"ထယ်!!!!!မင်း တံခါးဖွင့်စမ်း...မင်း မဟုတ် သုတ်ခတွေ မလုပ်နဲ့နော် ထယ်!!!!!တံခါး ဖွင့်ပါကွာ"

တံခါးကို အဆက် မပြတ် ထုတာမျက်ရည်တွေနဲ့ ပြောနေသော ‌ဂျီမင်းရဲ့စကားတွေကိုလည်း သူမကြားနိုင်ပါ။ သူစိတ်ထဲမှာ မောင့်နောက်ကို လိုက်သွားဖို့သာ စိတ်အားထက်သန်နေတော့သည်။

ဆေးရုံရဲ့ ခေါင်းမို့ထက်က အနည်းငယ် ကာထားသော ‌ကျောက်ပေါ်ကို တက်လိုက်ကာ သူ့ရဲ့ ‌ခြေထောက်ဟာ ြဖည်းြဖည်းချင်း နှစ်လမ်းလောက် လျှောက်လိုက်တဲ့ အခါမှာ တော့ အစွန်နားကို ရောက်နေပြီ ြဖစ်သည်။

"အရမ်းချစ်တယ်မောင်..."

တိုးလျစွာ ထွက်ပေါ်လာသော နှုတ်ခမ်းထက်က စကားသံလေးကို ချစ်ရသော မောင် ကြားပါစေ။

သူမျက်စိကို စုံမှိတ်ကာ သူ့စိတ်စေရာအတိုင်း လွှတ်ချပေးဖို့ ပြင်လိုက်သော အချိန်မှာတော့ ကြားလိုက်ရသော အသံတစ်ခု။

"ယောင်းလေး..."

သူ့ရဲ့ နှစ်ယောက် မရှိသော မောင့်အသံ ဖြစ်တာကြောင့် သူမျက်လုံး အစုံကို ဖွင့်ကာ အနောက်ကို လှည့်ကြည့်လိုက်တော့ သူ့ကို လက်နှစ်ဖတ် ြဖန့်ကာ ရင်ခွင်ထဲလာဖို့ ခေါ်နေတဲ့ မောင်ကြောင့် သူထိုနေရာမှ ဆင်းကာ မောင်ရင်ခွင်ထဲကို ပြေး၀င်လိုက်သည်။

The True Untold (Complete)Tahanan ng mga kuwento. Tumuklas ngayon