Part16

695 67 0
                                    

Unicde

"Jungkook ဒီည ငါမင်းအိမ်မှာ အိပ်လို့ရတယ်မလား"

ဂေဟာက အပြန် Taxiငှားပြီး ယောင်းလေး ကို အိမ်ပြန်ပို့ဖို့ တွေးနေတုန်း သူ့အိမ်မှာ အိပ်ဖို့ပြောလာတဲ့ ယောင်းလေးကြောင့် အံသြနေမိသည်။

"ဟိုဟို...ငါအခုလို အတန်းလစ်လာတာ Jiminသိရင် အိမ်ရောက်ရင် ပွားမှာ ဆိုးလို့ပါကွာ..ဒီနေ့ပျော်လာတာ သူဆူတာ ခံရမှုကြောင့် အပျော် လေးတွေ မပျက်ချင်ဘူး...လုပ်ပါနော် Jungkook"

မျက်လုံးလေး ကလည်ကလည်နဲ့ နှုတ်ခမ်းဆူပြီး သူ့ကိုချွဲနေတဲ့ ယောင်းလေး။ အဲ့လိုလေးတွေ ချွေတော့ ဒီကကောင် ကြီးက ဘယ်လို ပုံစံမျိုနဲ့ ငြင်းရက် မလဲကွာ။
မောင်အသည်းတွေ ယားလာပြီယောင်းရေ။

အမှန်တော့ သူအတန်းလစ်တာ Jiminသိပါတယ်။ Jiminကိုယ်တိုင်တောင် ပိုက်ဆံ ပေးလိုက်တယ် မဟုတ်ပါလား။ သူသပ်သပ် လိုက်အိပ်ချင်လို့ ညာဏ်ဆင်လိုက်တာ။
လိုက်အိပ်ချင်တာ တစ်ခြားတော့ မဟုတ်ပါ။ မွေးနေ့ကျရင် အတိတ်က အကြောင်းအရာကို အိမ်မက်ဆိုး တစ်ခု အနေနဲ့ မြင်မက်တက်တဲ့ မောင့်ကို အိမ်မက်ဆိုးတွေကနိုးလာရင် သူရှိနေပေးဖို့လေ။
ခြောက်ခြားစရာ အိမ်မက်ဆိုးတွေကနေ နိုးထလာတဲ့သူက ဘေးမှာ ဘယ်သူမှမရှိဘဲ တိတ်ဆိတ်​ေနရင် ပိုပြီး ခြောက်ခြားစေတယ် မဟုတ်ပါလား။

"အင်း ပြီးရောလေ "

"ဟီး..."

သူခွင့်ပြုလိုက်တော့ သူမြတ်နိုးရတဲ့ Boxy smileလေးနဲ့ တုံပြန်လာတဲ့ ​ယောင်းလေး ကြောင့် သူပါပြုံးလိုက်မိသည်။
ယောင်းလေးဆိုသည်မှာ မောင့်ကို ဘယ်လိုချွေရမလဲ သိနေတာဘဲလား ဒါမှ မဟုတ် မောင်ကဘဲ ယောင်းလေး ဘာလုပ်လုပ် အသည်းယားနေတာလား မသိတော့ဘူးယောင်းလေးရေ။

----

သူတို့Jumgkook အိမ်ကို ရောက်တော့ အတော် ပင်မှောင်နေပြီ။ ပတ်ဝန်းကျင်မှာ အလင်းရောင် အနည်းမျှသာ ရှိနေလေပြီ ဖြစ်သည်။

"Wow...."

Jungkookရဲ့ အိမ်ရှေ့ရောက်ဆို Wowခနဲ ဖြစ်သွားရသည့်အထိ Taehung အံသြနေမိသည်။ အကြောင်းမှာ ခမ်းနားလွန်းလှတဲ့ Jungkookရဲ့ စံအိမ်တော်ကြီးကြောင့် ဖြစ်သည်။ ခြံဝန်းထဲကနေ အိမ်ထဲကို မရောက်ခင် ကြားမှာ လှပလွန်းသော လျှောက်လမ်းလေး။ ထိုလျှောက်လမ်းရဲ ဘေးမှာ အရောင်မျိုးစုံ ဖူးပွင့်နေသော ပန်းတွေ။ နောက်တစ်ဖက်မှာကျ ကြီးမားလှသော အလှရေပန်း။ အလင်းရောင် အနည်းငယ်သာ ကျန်တော့တဲ့ ဒီအချိန်မှာတောင် ဒီလောက်လှနေရင် နေရောင်ခြည် စထွက်တဲ့ မနက်ခင်းအချိန်မှာဆိုရင် ဘယ်လောက်တောင်လှလိုက်မလဲ။
Taehungတစ်ယောက် လမ်းတစ်လျှေုာက် ပါးစပ်လေး ဟပြီး တWow wowနဲ့ Jungkook နောက်ကနေ လိုက်လာခဲ့တယ်။

The True Untold (Complete)Donde viven las historias. Descúbrelo ahora