"ဝမ်ရိပေါ်!..အခုမင်းဘာစကားပြောလိုက်တာလည်း"စားသောက်ဆိုင်တစ်ခု၏ သီးသန့်ခန်းထဲမှ
ပိုင်ဟုန်းရန်၏အသံကား ဟိန်းထွက်လာသည်။"အန်ကယ် ကြားတဲ့အတိုင်းဘဲ...ကျွန်တော်လက်မခံနိုင်ဘူး"
"ဒါဆို ငါ့သမီးသိက္ခာကကော..ဟမ်..မင်းထည့်မစဉ်းစားခဲ့ဘူးလား"
"ဒီမှာ အန်ကယ်...အန်ကယ့်သမီးနဲ့ကျွန်တော်နဲ့က ရိုးရိုးသတင်းထွက်ရုံဘဲ...ဘယ်အတိုင်းအတာထိမှ မပတ်သက်ဘူး...နောက်ပြီး အန်ကယ့်သမီးသိက္ခာကို ကျွန်တော်က ထည့်မစဉ်းစားပေးတာ မဟုတ်ဘူးနော်...သူကိုယ်တိုင်ကိုက ထည့်မစဉ်းစားခဲ့တာ"
"ဘာ! မင်းဘာစကားပြောတာလည်း...ဟမ်"
"ဟက်..ဒီပြဿနာတွေကို အန်ကယ့်သမီးကိုယ်တိုင်ဖန်တီးခဲ့တာ...သူကျွန်တော့်ကို ဝန်ခံပြီးပြီ"
"ဒါဆိုရင် မင်းက ဒီအတိုင်းမျက်နှာလွှဲဂဲပစ် လုပ်တော့မယ်ပေါ့...ဟုတ်လား...ငါလက်မခံဘူး
ဝမ်ရိပေါ်...မင်းယောကျာ်းဆို တာဝန်ယူပါ""ဒီမှာ အန်ကယ် ခင်ဗျားသိပ်လွန်နေပြီ...ကျွန်တော့် အထက်လူကြီးဖြစ်နေပေမယ့် ကျွန်တော့်ကိုယ်ရေးကိုယ်တာ အထိလိုက်မချုပ်ချယ်ပါနဲ့...ကျုပ် ခင်ဗျားသမီးကိုမှ မဟုတ်ဘူး...ကျုပ်ဘယ်သူ့ကိုမှ လက်ထပ်မှာမဟုတ်ဘူး"
ဒီကောင်လေးနှစ်ယောက်ကတော့လေ...မင်းတို့တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ သစ္စာကို အန်ကယ်နားလည်ပေမယ့်...အန်ကယ့်သွေးသားအတွက်တော့ အန်ကယ်အတ္တကြီးပါရစေ။
"ဘာလည်း ရှောင်းရှောင်ကျန့်မဟုတ်လို့လား"
"ခင်ဗျား..ခင်ဗျားဘာပြောလိုက်တာလည်း"
"ရှောင်းရှောင်ကျန့်က မင်းဆီပြန်လာမယ်လို့ထင်နေတာလား ကောင်လေး...ဟမ်"
"ဒါ ခင်ဗျားနဲ့ဘာဆိုင်လည်း ဟမ်...ခင်ဗျားကကော သူ့ကိုဘာကိစ္စသိနေရတာလည်း"
"သိတာပေါ့ကွ...သိတာပေါ့...သူကမကြာခင်မှာ လီလုပ်ငန်းစုရဲ့ ဆက်ဆံသူနဲ့ စေ့စပ်တော့မယ်ကောင်းလေးလေ"
အန်ကယ် မုသားသုံးမိတဲ့အတွက် တောင်းပန်တယ်နော် ရှောင်ကျန့်...ဒီကိစ္စမှာ မင်းပါမှ ရမှာမို့လို့ပါ။
YOU ARE READING
Infinity...(Complete)
Fanfictionသဘာ၀ကို ဆန့်ကျင်ပြီးချစ်ခဲ့ကြလို့ ကျွန်တော်တို့ အချစ်က သာမာန်ချစ်သူတွေထက်ပိုတယ်ဆိုတာ ကိုကိုလက်ခံလား...? Start date - (30.9.21) End date - (3.12.21)