Part -1🌻

3.8K 172 0
                                    

ကြၽန္ေတာ့္ပါးရဲ့အလုပ္က ေဆာက္လုပ္ေရးကုမၸဏီတစ္ခုရဲ့ မန္ေနးဂ်င္းရာထူး...

ပါးအလုပ္က အဆင္ေျပေတာ့ ကြၽန္ေတာ္တို႔မိသားစုက အမ်ားနည္းတူ ေနႏိုင္စားႏိုင္တယ္ ေငြေၾကးအခက္အခက္အခဲ မရိွေတာ့ မိသားစု လိုအပ္ခ်က္သိပ္မရိွဘူးေပါ့....

ဒီဇိုင္းပညာကို ရူးသြပ္တဲ့မားက ငယ္ငယ္ကတည္းကအရမ္းႀကိဳးစားခဲ့ၿပီး ပါးလုပ္တဲ့ကုမၸဏီမွာဘဲ အလုပ္ရၿပီး ႏွစ္ေယာက္ခ်စ္ႀကိဳက္သြားတယ္ ဆိုပါေတာ့... အခုမားက ေဆာက္လုပ္ေရးဒီဇိုင္းပိုင္း ဌာန(၂)ရဲ့ ေခါင္းေဆာင္တစ္ေယာက္ျဖစ္ေနၿပီ....

မိဘႏွစ္ပါးလံုးကအလုပ္ကိုယ္စီနဲ႔ ရႈပ္ေနၾကခဲ့ေတာ့ ကြၽန္ေတာ့္ကို သိပ္အခ်ိန္မေပးႏိုင္ခဲ့ဘူး...
ဒါေၾကာင့္ကြၽန္ေတာ္က ကြၽန္ေတာ့္ဘြားဘြားနဲ႔ အတူရွန္ဟိုင္းမွာဘဲ ေနခဲ့ရတယ္....

အခုကြၽန္ေတာ့္အသက္က (၁၆)ႏွစ္ျပည့္ေတာ့မွာဆိုေတာ့ မားက တကၠသိုလ္ကို ေပက်င္းမွာတက္ေစခ်င္လို႔ ပါးနဲ႔မားရိွတဲ့ ေပက်င္းကိုကြၽန္ေတာ္အခုေရာက္ခဲ့ရၿပီ....

ေရွာင္က်န္႔ဆိုတဲ့ ကြၽန္ေတာ့္ဘ၀ကလား?? ကြၽန္ေတာ့္ပါးက ပင္စင္ရၿပီးသား ေက်ာင္းဆရာတစ္ေယာက္....

အခုေတာ့ ပါးနဲ႔မားေပါင္းၿပီး ကြၽန္ေတာ္တို႔ လက္ထိပ္မွာ အေတာ္အသင့္ရိွတဲ့ store ဆိုင္ေလးတစ္ခု ဖြင့္ထားတယ္....

ကြၽန္ေတာ္တို႔ဆိုင္ေလးက ပန္းၿခံနဲ႔ ေက်ာင္းသြားတဲ့ လမ္းဘက္မွာရိွတာမို႔ ေန့ေန့ညညလူမျပတ္တဲ့ ဆိုင္ေလးတစ္ဆိုင္ေပါ့.....

ကြၽန္ေတာ္က တစ္ၪီးတည္းေသာသားမို႔ အေဖာ္မက္တယ္....ကြၽန္ေတာ့္မွာက်န္းခ်န္နဲ႔ ယြီပင္းဆိုတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ရိွတယ္....

ငယ္ငယ္တုန္းကေတာ့ ကြၽန္ေတာ္အရမ္းခင္ရတဲ့ ညီေလးတစ္ေယာက္ရိွခဲ့ဖူးတယ္....ဟိုဘက္ေဘးအိမ္က အန္တီခ်င္းလီရဲ့ သားေလ....ငယ္ငယ္တုန္းက ပါးေလးကေဖာင္းေဖာင္းကားကားေလးနဲ႔ ခ်စ္စရာေလး....

အခုေတာ့သူက ရွန္ဟိုင္းမွာေနတာတဲ့....ငယ္ငယ္တုန္းကေတာ့ အရမ္းခင္ခဲ့ရတယ္....မေတြ့ရတဲ့ႏွစ္ကလည္း မနည္းေတာ့ဘူးေလ (၈)ႏွစ္ေက်ာ္ေလာက္ေတာ့ ရိွေတာ့မယ္ထင္တယ္....

ကြၽန္ေတာ္ေတာင္ တတိယႏွစ္ရိွၿပီဆိုေတာ့ ေပၚတိေလးလည္း ပထမႏွစ္ေလာက္ေရာက္ၿပီထင္တယ္...အခုခ်ိန္ ဒီေကာင္ေလးျပန္လာရင္ေတာ့ ကြၽန္ေတာ္ မွတ္မိပါေတာ့မလား.....

***************************************

ကျွန်တော့်ပါးရဲ့အလုပ်က ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ မန်နေးဂျင်းရာထူး...

ပါးအလုပ်က အဆင်ပြေတော့ ကျွန်တော်တို့မိသားစုက အများနည်းတူ နေနိုင်စားနိုင်တယ် ငွေကြေးအခက်အခက်အခဲ မရှိတော့ မိသားစု လိုအပ်ချက်သိပ်မရှိဘူးပေါ့....

ဒီဇိုင်းပညာကို ရူးသွပ်တဲ့မားက ငယ်ငယ်ကတည်းကအရမ်းကြိုးစားခဲ့ပြီး ပါးလုပ်တဲ့ကုမ္ပဏီမှာဘဲ အလုပ်ရပြီး နှစ်ယောက်ချစ်ကြိုက်သွားတယ် ဆိုပါတော့... အခုမားက ဆောက်လုပ်ရေးဒီဇိုင်းပိုင်း ဌာန(၂)ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်နေပြီ....

မိဘနှစ်ပါးလုံးကအလုပ်ကိုယ်စီနဲ့ ရှုပ်နေကြခဲ့တော့ ကျွန်တော့်ကို သိပ်အချိန်မပေးနိုင်ခဲ့ဘူး...
ဒါကြောင့်ကျွန်တော်က ကျွန်တော့်ဘွားဘွားနဲ့ အတူရှန်ဟိုင်းမှာဘဲ နေခဲ့ရတယ်....

အခုကျွန်တော့်အသက်က (၁၆)နှစ်ပြည့်တော့မှာဆိုတော့ မားက တက္ကသိုလ်ကို ပေကျင်းမှာတက်စေချင်လို့ ပါးနဲ့မားရှိတဲ့ ပေကျင်းကိုကျွန်တော်အခုရောက်ခဲ့ရပြီ....

ရှောင်ကျန့်ဆိုတဲ့ ကျွန်တော့်ဘ၀ကလား?? ကျွန်တော့်ပါးက ပင်စင်ရပြီးသား ကျောင်းဆရာတစ်ယောက်....

အခုတော့ ပါးနဲ့မားပေါင်းပြီး ကျွန်တော်တို့ လက်ထိပ်မှာ အတော်အသင့်ရှိတဲ့ store ဆိုင်လေးတစ်ခု ဖွင့်ထားတယ်....

ကျွန်တော်တို့ဆိုင်လေးက ပန်းခြံနဲ့ ကျောင်းသွားတဲ့ လမ်းဘက်မှာရှိတာမို့ နေ့နေ့ညညလူမပြတ်တဲ့ ဆိုင်လေးတစ်ဆိုင်ပေါ့.....

ကျွန်တော်က တစ်ဦးတည်းသောသားမို့ အဖော်မက်တယ်....ကျွန်တော့်မှာကျန်းချန်နဲ့ ယွီပင်းဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်....

ငယ်ငယ်တုန်းကတော့ ကျွန်တော်အရမ်းခင်ရတဲ့ ညီလေးတစ်ယောက်ရှိခဲ့ဖူးတယ်....ဟိုဘက်ဘေးအိမ်က အန်တီချင်းလီရဲ့ သားလေ....ငယ်ငယ်တုန်းက ပါးလေးကဖောင်းဖောင်းကားကားလေးနဲ့ ချစ်စရာလေး....

အခုတော့သူက ရှန်ဟိုင်းမှာနေတာတဲ့....ငယ်ငယ်တုန်းကတော့ အရမ်းခင်ခဲ့ရတယ်....မတွေ့ရတဲ့နှစ်ကလည်း မနည်းတော့ဘူးလေ (၈)နှစ်ကျော်လောက်တော့ ရှိတော့မယ်ထင်တယ်....

ကျွန်တော်တောင် တတိယနှစ်ရှိပြီဆိုတော့ ပေါ်တိလေးလည်း ပထမနှစ်လောက်ရောက်ပြီထင်တယ်...အခုချိန် ဒီကောင်လေးပြန်လာရင်တော့ ကျွန်တော် မှတ်မိပါတော့မလား.....

***************************************

Infinity...(Complete)Where stories live. Discover now