နံနက်ခင်းရဲ့နေရောင်ခြည်ဟာ အရှိန်ပြင်းပြင်းဖြင့် မှန်တံခါးမှတစ်ဆင့် လိုက်ကာဖြူများကိုဖြတ်၍ အတင်းဝင်ရောက်ခဲ့လေပြီ...
ရင်ခွင်ထဲက ရှင်းသန့်ဖြူဖွေးနေသော မျက်နှာလေးပေါ် နေရောင်မကျစေရန် လက်ကလေးဖြင့် အသာကာပေးထားမိသည်...နိုးထလာသော နံနက်ခင်းမှာ ချစ်ရသူကို ရင်ခွင်ထဲထည့်ထားရသော ခံစားချက်က ဘာနဲ့မှအစားမထိုးနိုင်ခဲ့...
ရှောင်ကျန့်လည်း မိမိကိုစိုက်ကြည့်နေသလို ခံစားချက်နှင့်အတူ တင်းကြပ်စွာရစ်နှောင်ခံထားရသော ခံစားချက်ကြောင့် မျက်လုံးအသာလှန်ကြည့်လိုက်တော့...မိမိကိုစိုက်ကြည့်နေသည်မှာ မြိုချတော့မည့်အလား...ဒါကြောင့် ကိုယ်ပိုင်တဲ့ရင်ခွင်ထဲသာ ဝင်ပြီး ခေါင်းလေးဖွက်ထားမိသည်...
ရိပေါ်လည်း မြတ်နိုးရတဲ့သူရဲ့ နဖူးလေးကို ခပ်ဖွဖွနမ်းလိုက်ပြီး....
"ကိုကို..ထတော့လေ..ဒီနေ့မားတို့ဆီပြန်ရမှာမလား.."
"အင်း..(၅)မိနစ်.."
"ဟုတ်ပါပြီ...အာ့ဆို မောင်ရေသွားချိုးလိုက်ဉီးမယ်နော်..."
"အင်း..."
ရှောင်ကျန့် သံရှည်စွဲ၍သာပြောနေမိခဲ့သည်...
ရှောင်ကျန့်မထချင်သေးပေမယ့် ဖုန်းသံလေးက
ဝင်နေသဖြင့် မျက်လုံးများကိုသာ တွန်းကန်ဖွင့်လိုက်ရတော့သည်..."ဟယ်လို..အမိန့်ရှိပါ.."
"............."
"ဟယ်လို...ဟယ်လို..."
"ကျန့်...
လီလီပြန်ရောက်ပြီ...."တစ်ဖက်ကပြောလိုက်သော စကားလေးက တစ်ကယ့်တိုးတိုးလေးနှင့် တိုတိုလေးပါ...သို့ပေမယ့် ရှောင်ကျန့် ရင်ဘက်ထဲတွင်တော့ အတိုင်းအဆမရှိ ခုန်မင်သွားရလေပြီ...ပျော်ရွှင်မှု့နှင့်အတူ စိုးရိမ်စိတ်လေးကပ်ပါလာလေပြီ...
တိတ်ဆိတ်မှုများကို တစ်ဖက်ကအသံချိုချိုလေးက ဖြိုခွင်းခဲ့ပြန်သည်..."ကျန့်ကို မနေ့ညကတည်းကဆက်သွယ်သေးတယ်..လီလီ မက်ဆေ့ခ်ျကို ကျန့် seen မပြလို့ လီလီအခု ဖုန်းခေါ်လိုက်တာ..."
![](https://img.wattpad.com/cover/284911758-288-k588063.jpg)
YOU ARE READING
Infinity...(Complete)
Fanficသဘာ၀ကို ဆန့်ကျင်ပြီးချစ်ခဲ့ကြလို့ ကျွန်တော်တို့ အချစ်က သာမာန်ချစ်သူတွေထက်ပိုတယ်ဆိုတာ ကိုကိုလက်ခံလား...? Start date - (30.9.21) End date - (3.12.21)