Synopsis

1.7K 67 2
                                    

Unicode:

Entertainment Company တစ်ခုရဲ့ CEO ဖြစ်တဲ့ စုန့်လုလီ နဲ့ စီးပွားရေးလုပ်ငန်းပေါင်းများစွာရဲ့ အမွေဆက်ခံသူ လုန်ကျဲ ။ သူတို့ နှစ်ယောက်လုံးဟာ အာဏာရှိလူကုံထံ အသိုင်းအဝိုင်းနှင့် အကျိုးအမြတ်အတွက်ပဲ ကြည့်တတ်ကြတဲ့ ကွန်ယက်ကြီးမှာ ငြိတွယ်နေကြတဲ့သူတွေဖြစ်တယ်။ဒီလိုနေရာမျိုးမှာ ရှင်သန်ဖို့ရာဘာတွေလုပ်ဖို့ လိုအပ်မလဲ။လက်ထပ်ဖို့သဘောတူညီလိုက်​​ခြင်းက သူတို့ နှစ်ယောက်ကို အတူတကွ ပေါင်းစည်းဖို့ ဖြစ်လာစေခဲ့တယ်။

သူတို့နှစ်ယောက်ရဲ့ပေါင်းစည်းခြင်းက တာဝန်တွေ၊ဝတ္တရားတွေ နဲ့ မိသားစုတွေ အတွက်ကြောင့်ပဲ။ဘယ်သူမှ အချစ်ကို ဂရုမစိုက်ခဲ့ကြဘူး။ဒါပေမဲ့ နှစ်ယောက်လုံးက တစ်ယောက်အလုပ်ကို တစ်ယောက် အပြန်အလှန် လေးစားမှုရှိ​ပြီး
နှစ်သက်လာကြတဲ့အခါ ဘယ်လိုဆက်ဖြစ်လာမှာလဲ။သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်မှု​တွေကို ကြာကြာ မငြင်းပယ်နိုင်တော့တဲ့အခါကြရင်ရော..?။

နှစ်ယောက်ကြားက ခံစားချက်တွေကရော လေးနက်လာမှာလား။ဒါမှမဟုတ် ရမ္မက်ကင်းတဲ့ စီးပွားရေးဆန်ဆန် ဆက်ဆံရေးမျိုးမှာပဲ ဆက်ရှိနေမှာလား...။

.....

စုန့်လုလီသည် သူမအစ်မကိုယ်တိုင် အမွေဆက်ခံခွင့်ကို ငြင်းပယ်ခဲ့ပြီးနောက် ချက်ချင်းမှာပဲ သူမအဖေရဲ့Company ဖြစ်တဲ့ စုန့် Entertainment ကို မမျှော်လင့်ဘဲ ဆက်ခံခွင့်ရခဲ့ပြီး လျှာစောင်းထက်ကာ
ရဲရင့်၊တည်ကြည်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်တယ်။

Company ရဲ့ ဆက်ခံသူဖြစ်လာတဲ့ စုန့်လုလီဟာ မကြာခင်မှာပဲ စုန့် Entertainment ရဲ့ စီးပွားရေး ယိုင်နဲလာတဲ့ အခြေအနေကို ကြားလိုက်ရတယ်။ သူမရဲ့နေရာကို ကာကွယ်ဖို့အတွက် သူမက တာဝန်ဝတ္တရား​​တွေအရ စီးပွားရေးလုပ်ငန်းစုကြီးကိုဆက်ခံရမည့် အန္တာရာယ်ရှိချောမောလှတဲ့ အမွေဆက်ခံသူ လုန်ကျဲနဲ့ လက်ကိုလက်ထပ်ရလိမ့်မယ်။

လုန်ကျဲသည် တ​ခြားသူများရဲ့လုပ်ငန်းများကိုဖျက်ဆီးနိုင်စွမ်းရှိသလို ဖန်တီးပေးနိုင်စွမ်းလဲ ရှိတဲ့ ချောမော၊ရက်စက်ပြီး အကျိုးအမြတ်အတွက်ပဲကြည့်တဲ့ငယ်ရွယ်သော ယောကျာ်းလေးတစ်ယောက် ဖြစ်တယ်။သူ့ကိုကမ်းလှမ်းလာသော သူများအားလုံးကိုလဲ ငြင်းပယ်လေ့ရှိတာကြောင့် မိန်းကလေးတွေကို စိတ်မဝင်စားဘူးလို့လဲ သိထားကြတယ်။

နွေညအတွက် သီချင်းတစ်ပုဒ်(Translation)Where stories live. Discover now