Unicode:
Dinner (1)
ရက်အနည်းငယ် ကြာပြီးနောက်
သူမ အရေပြားရဲ့ယောင်ယမ်းမှုဟာ အညိုရောင်ဘက်သို့ အနည်းငယ်သန်းသွားသည်။ စုန့်လုလီက သူမရဲ့နေလောင်ထားတဲ့ အသားအရည်ကိုပြန်ကောင်းလာစေဖို့အတွက်
လုန်ကျဲပေးထားတဲ့ cooling gel နဲ့ Aloe vera ကို သုံးဖို့ဆုံးဖြတ်လိုက်သည်။အလုပ်များနေတာကြောင့် အခုနောက်ပိုင်း သူမအနေနဲ့ လုန်ကျဲကို သိပ်မတွေ့ဖြစ်ပေ။ နှစ်ယောက်လုံးရဲ့အချိန်ဇယားတွေက ပြောင်းလဲနေတတ်ပြီး တစ်ယောက်စီရဲ့
အိမ်မှာရှိနေမယ့် အချိန်က တိတိကျကျ
မရှိပေ။ သူမထင်မိတာက အာ့တာကြောင့်ပဲ လုန်ကျဲက နောက်ဆုံးမှာ သူမကို ရွေးချယ်ခဲ့တာဖြစ်မယ် ဆိုတာ။သူမ မတိုင်ခင် သူက ကြင်ယာဖက်တွေ အများကြီးနဲ့ တွေ့ဆုံခဲ့ဖူးတယ်ဆိုတာ သူမအနေနဲ့ သိပြီးသားဖြစ်ပြီး တစ်ချို့ဆို သူနဲ့တောင် ယှဥ်နိုင်သေးတဲ့ သူတွေပါသည်။
သူမ အဲ့ဒီနေ့ကို ပြန်မတွေးပဲ မနေနိုင်ဘူး။ သူက သူ့အပေါ် ချစ်မိသွားမယ့်သူကို မလိုချင်တာတဲ့လေ။ ဘာကြောင့်လဲ။ သူက အမြဲအလုပ်များနေတဲ့သူ မို့လို့လား။ အလုပ်များတယ်ဆိုတာ တခြားသူတွေထက်ကို သူမ ကောင်းကောင်းနားလည်တာပေါ့။ သူမကိုယ်တိုင်ကလဲ ချည်နှောင်ခံပြီး မနေချင်ပေ။
သူမအခန်းထဲတွင် မိတ်ကပ်အနည်းငယ်ကို
ပေါ့ပေါ့ပါးပါး လိမ်းခြယ်လိုက်ပြီး ညနေဘက် dinner အတွက် ပြင်ဆင်နေလိုက်သည်။ ထိုအချိန်တွင် သူမဆီ phone ဝင်လာခဲ့သည်။ဖုန်းနံပါတ်က ရင်းနှီးတဲ့နံပါတ် မဟုတ်ပေ။ စုန့်လုလီက ကိုင်လိုက်တဲ့အခါ တစ်ဖက်က
ငိုနေတဲ့အသံကို ကြားလိုက်ရသည်။ရင်းနှီးနေတဲ့အသံမှန်း သိလိုက်ရတဲ့အခါ
သူမမျက်လုံးတွေ အဝိုင်းသားဖြစ်သွားသည်။"မိန့်လင်" , သူမ ညင်သာစွာ ခေါ်လိုက်သည်။
တစ်ဖက်မှာတော့ သူမအစ်မက, "လုလီ…"
"ဘာဖြစ်တာလဲ" , သူမ စိတ်ပူပူနဲ့ မေးလိုက်သည်။
"ငါ အိမ်ပြန်လာတော့မယ်", သူမ ပြောလိုက်သည်။ "ငါ သောက်သုံးမကျ သောက်ကျင့်မကောင်းတဲ့ သစ္စာဖောက်ကောင်နဲ့ ပြတ်သွားပြီ"
YOU ARE READING
နွေညအတွက် သီချင်းတစ်ပုဒ်(Translation)
RomanceOriginal Title - A Song For A Summer Night Author - TheRedQueen Translator(Burmese) - Stella Start Date - 27.11.2021(Saturday) End Date - ~ Disclaimer: I don't own this novel. I just translate this and I give full credit to original author. If you w...