Unicode:
လောင်းကစားလုပ်ခြင်း ၁
စုန့်လုလီက အလုပ်ကို ဘာပြဿနာမှ မရှိဘဲ အချိန်မှီရောက်သွားခဲ့သည်။ တစ်ချို့သော လုပ်ဖော်ကိုင်ဖက်တွေက သူမ ရောက်လာတာမြင်ပြီး အံ့သြမှင်သက်သွားကြသည်။
သူမစီးပွားရေးလုပ်ငန်းရှင်ဆန်ဆန် ဝတ်စုံဝတ်ဆင်ထားသည်။ သူမ ပုံမှန် ဝတ်နေကြ ပုံစံမျိုးမဟုတ်ပေမဲ့ သူမနဲ့မလိုက်ဖက်တာမျိုးလဲ မဟုတ်ပေ။
သူမ ဝတ်ထားတဲ့ ကုတ်အင်္ကျီက သူမရဲ့ရင်ဘတ်ကို ကောင်းကောင်း ပုံပေါ်စေပြီး pencil skirt က အရမ်းတင်းကျပ်လွန်းသည်။ စုန့်လုလီက ဆိုဒ်သေးတဲ့ အင်္ကျီတွေကြောင့် သူမ အစ်မကို ကျိန်ဆဲနေမိပေမဲ့လဲ သူမက တစ်ချို့သော ရှိသင့်တဲ့နေရာတွေမှာ သူမအစ်မထက် ပိုရှိနေသည်။
ဘာပဲဖြစ်ဖြစ် နေ့လည်နောက်ကျတဲ့အချိန်ထိ သူမ အလုပ်ဆက်လုပ်နေခဲ့သည်။
သူမရဲ့လက်ထောက် ယန်ပေါင်က ရုံးခန်းထဲ ဝင်လာပြီး , "ဥက္ကဋ္ဌ ဖန်းဝူက သူဌေးရဲ့ ညစာ ဖိတ်တာကို လက်ခံလိုက်ပါတယ်"
"ကျေးဇူးပဲ၊ ပေါင်" ,စုန့်လုလီက သူ့ကို ပြန်ပြောလိုက်သည်။ ထို့နောက် ယန်ပေါင်က ရုံးခန်းထဲက ထွက်သွားပြီး သူ့ရဲ့သူဌေးဟာ တစ်ညနေလုံး ရုံးမှာ ရှိနေတော့မှာ မဟုတ်တာကြောင့် ကျန်နေတဲ့ အလုပ်များကို လက်စသတ်နေလိုက်သည်။
စုန့်လုလီက ထိုင်ခုံကနေ ထလိုက်ပြီး သူမ ပစ္စည်းတွေကို ကောက်သိမ်းကာ ပိုက်ဆံအိတ်ကို ကိုင်ပြီး ထွက်သွားသည်။
ပတ်ပတ်လည်ကို မှန်ဘောင်မျက်နှာကျက် တွေနဲ့ အုပ်မိုးထားတဲ့
မိုးမျှော်တိုက်သဏ္ဍန် casino အဆောက်အအုံဆီ သူမ မောင်းသွားလိုက်သည်။အာ့တာက မီးပြတိုက်လိုပဲ တောက်ပနေပြီး စုန့်လုလီက ဒီနေရာနဲ့ လုံးဝ မသက်ဆိုင်သလို ခံစားနေရသည်။ သူမအနေနဲ့ အရင်က တစ်ခါမှ ဒီလိုကြီးမားတဲ့ casino ကို တစ်ယောက်ထဲ မလာဖူးပေ။
အထဲဘက်တွင်တော့ အရက်သောက်နေတဲ့သူတွေ၊ ရီမောပျော်ရွှင်စွာ လောင်းကစားလုပ်နေတဲ့သူတွေ၊ ဒယိမ်းဒယိုင်နဲ့ အရမ်းမူးပြီး လမ်းလျှောက်နေတဲ့သူတွေနဲ့ ပြည့်နှက်နေသည်။
YOU ARE READING
နွေညအတွက် သီချင်းတစ်ပုဒ်(Translation)
RomanceOriginal Title - A Song For A Summer Night Author - TheRedQueen Translator(Burmese) - Stella Start Date - 27.11.2021(Saturday) End Date - ~ Disclaimer: I don't own this novel. I just translate this and I give full credit to original author. If you w...