Chp - 22(Goodbye and Hello)

670 42 4
                                    

Unicode:

Goodbye and Hello

နောက်တစ်နေ့မနက်မှာ စုန့်လုလီက လန်းလန်းဆန်းဆန်းနဲ့ နိုးလာခဲ့သည်။ သူမခံစားခဲ့ရတဲ့ နာကျင်မှုဟာလဲ ပျောက်ကွယ်သွားခဲ့၏။ သူမ period စလာခါစက ထပ်တလဲလဲ ခံစားခဲ့ရတဲ့ ခံစားချက်မျိုး မရှိတော့ပေ။

သူမ အိပ်ယာဘေးနားက စားပွဲခုံပေါ်လှည့်ကြည့်လိုက်တဲ့အခါ
မနေ့ညတုံးက သူမ သောက်ခဲ့တဲ့ ရေနွေးခွက်အလွတ်က ထိုနေရာမှာ ရှိနေသည်။ 

လုန်ကျဲရဲ့စဉ်းစားပေးတတ်ပုံဟာ သူမကို အခုထိ အံ့သြစေနေတုံးပဲ။ ထိုအရာဟာ သူမရဲ့ စိုးရိမ်မှုကို သက်သာစေသည်။

 သူမ အိပ်ယာပေါ်ကနေ ခြေထောက်ချလိုက်ပြီး ဖိနပ်အပါးကို ဝတ်ဆင်ကာ မီးဖိုချောင်သို့ ဦးတည်လိုက်သည်။

သူမ ကြက်ဥတွေစပြီး ကြော်နေတဲ့အချိန်မှာပဲ လုန်ကျဲရဲ့ဖုန်းကောလ်ကို လက်ခံရရှိခဲ့သည်။ သူမ ကိုင်လိုက်ကာ

"Hello? ",သူမ ဖြေလိုက်သည်။

"သက်သာလာပြီလား", သူက မေးလာသည်။

"အင်း", ကြက်ဥရဲ့အဖြူရောင်အကာကျက်လာတာကို ကြည့်ရင်း သူမ ဖြေလိုက်သည်။

တိတ်ဆိတ်သွားခြင်း။

စုန့်လုလီက ဖုန်းထဲမှာ စကားပြောတတ်တဲ့သူတော့ မဟုတ်ပေ။ သူမက ပုံမှန်အားဖြင့် message နဲ့ email တွေနဲ့သာ ပြောလေ့ရှိသည်။ ဒါပေမဲ့ လုန်ကျဲနဲ့ဆိုရင်တော့..ဒီလိုလုပ်လို့တော့ မဖြစ်ဘူးလေ၊ ဟုတ္တယ္မလား?။ ဒါကို နေသားကျလာအောင်လုပ်မှ ဖြစ်မယ်။

"ကိုယ် ကိုယ့်ရဲ့မိသားစုတွေဆီ ဒီပိတ်ရက်ကျရင် သွားလည်ဖြစ်မှာ။ မင်း ကိုယ်နဲ့လိုက်ချင်လား။ သူတို့မင်းကို တွေ့ချင်နေကြတာ" , သူက မေးလာသည်။

စုန့်လုလီက သူမရဲ့ဖုန်းကို နားရွက်နဲ့လည်ပင်းကြားမှာ ညှပ်ထားပြီး ဒယ်အိုးထဲက ကြက်ဥကြော်ကို ခပ်ထည့်နေသည်။ "အမ်...အင်း။ ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်လေ", သူမ ဖြေလိုက်သည်။ ကျန်တဲ့သူ့ရဲ့မိသားစုတွေက ဘယ်လိုပုံစံလာမယ်မှန်း သူမ မသေချာပေ။ သူ့ရဲ့မိဘတွေနဲ့တွေ့တုံးကတော့ သူတို့က ကြင်နာပြီး ချစ်ခင်ပေးကြသည်။ ဒါပေမဲ့ သူ့ရဲ့အဖိုးအဖွားတွေကတော့ ဆိုးဆိုးရွားရွားပဲ။

You've reached the end of published parts.

⏰ Last updated: Feb 07, 2022 ⏰

Add this story to your Library to get notified about new parts!

နွေညအတွက် သီချင်းတစ်ပုဒ်(Translation)Where stories live. Discover now