Unicode:
အမွေဆက်ခံသူပြောင်းလဲခြင်း
"သမီးက အခု စုန့် Entertainment ရဲ့ အမွေဆက်ခံသူဖြစ်သွားပြီ" , မမျှော်လင့်ထားပဲ သူမအဖေက သူမကိုပြောလာခဲ့တယ်။
စုန့်လုလီဟာ သူမရှိနေတဲ့နေရာမှာပဲ မလှုပ်မယှက် ရပ်နေရင်း သူမအဖေရဲ့စကားတွေက
သူမအတွက် သူမရဲ့ အနာဂတ်အတွက် ဘာကိုဆိုလိုတာလဲဆိုတာ စိတ်ထဲမှာ ပြန်လည်စီစစ်နေခဲ့တယ်။ဒါပေမဲ့ သူမရဲ့ မျက်နှာကတော့ ကြားလိုက်ရတဲ့စကားကြောင့် စိတ်လှုပ်ရှားခြင်း မရှိသကဲ့သို့ တည်ငြိမ်နေတယ်။ အနက်ရောင် ဆံပင်တိုတွေကတော့
သူမရဲ့ ပုခုံးထက်မှာ လျှောကျလျက်...။"သမီး ဝမ်းသာမိပါတယ်။နောက်ပြီး လုပ်ငန်းရဲ့ကောင်းကျိုးအတွက် ဘာမဆိုလုပ်သွားမှာပါ", သူမအဖေကို ပြန်
ပြောလိုက်တယ်။သူမရဲ့အဖေ စုန့်ရှန့်က သူမရဲ့စကားတွေကို ကျေနပ်သွားတာကြောင့်ပြုံးလိုက်တယ်။
သူက သူမဆီကို လျှောက်လှမ်းလာရင်း သူမရဲ့ပုခုံးတွေကို ညင်သာစွာ ဆုပ်ကိုင်လိုက်တယ်။ "သမီးကောင်းကောင်းလုပ်နိုင်လိမ့်မယ်ဆိုတာ အဖေသိပါတယ်,လုလီ" , သူဟာ ယုံကြည်မှုရှိစွာ ပြောလိုက်တယ်။စုန့်လုလီက ကိုယ်ကို မတ်ထားလိုက်ပြီး
မေးကို မော့ထားလိုက်တယ်။သူတို့ပြောဆိုဆွေးနွေးပြီးနောက်
သူမအဖေဟာ သူတို့စကားပြောတာကိုကြည့်နေရင်း ကုလားထိုင်မှာထိုင်နေတဲ့ သူမအမေဆီကို လျှောက်သွားလိုက်တယ်။သူမအဖေဟာ လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ လက်ကို ဆန့်ပေးလိုက်တဲ့အခါ သူမအမေဟာလဲပဲ သူ့လက်ကို ဆုပ်ကိုင်လိုက်တယ်။ထို့နောက် သူတို့နစ်ယောက်လုံးရဲ့အကြိုက်ဆုံးနေရာဖြစ်တဲ့ ပန်းခြံဘက်ကို နှစ်ယောက်အတူတူလျှောက်သွားလိုက်ကြတယ်။လက်ထပ်ပြီးတာ 25 နှစ်ကြာပြီးတာတောင်မှ အရမ်းကိုချစ်နေကြသေးတဲ့ သူမရဲ့မိဘနှစ်ယောက်ဟာ စုန့်လုလီကိုတောင် ပြုံးစေမိတယ်။မှောင်စပြုလာတဲ့အချိန်မှာ သူမဟာ
ဧည့်ခန်းကနေ သူမနှစ်သက်တဲ့ ရှုခင်းတွေရှိရာအပြင်ဘက်အိမ်ရှေ့ဝင်းကို လျှောက်သွားလိုက်တယ်။တောက်ပလှတဲ့ နေလုံးကြီးကတော့ ညနေစောင်းရောက်လာတဲ့အမျှ တဖြည်းဖြည်းမှေးမှိန်လာရင်း....။သူမဟာလေကို ရှူသွင်းလိုက်ရင်း လေရဲ့ ရနံ့ကိုမှတ်နေလိုက်သည်။ပြီးနောက် ခပ်ကြာကြာရှုထုတ်လိုက်တယ်။ပုစဥ်းတို့သည်လဲ စတင်သီချင်းဆိုနေလျက်..။
YOU ARE READING
နွေညအတွက် သီချင်းတစ်ပုဒ်(Translation)
RomanceOriginal Title - A Song For A Summer Night Author - TheRedQueen Translator(Burmese) - Stella Start Date - 27.11.2021(Saturday) End Date - ~ Disclaimer: I don't own this novel. I just translate this and I give full credit to original author. If you w...