Chp - 5(Disbelief)

419 40 2
                                    

Unicode:

မယုံကြည်နိုင်ခြင်း

စုန့်​လုလီက လုန်ကျဲနဲ့ သွားတွေ့ပြီးနောက် သူ့ရဲ့ဇနီးလောင်းအဖြစ်နဲ့ အိမ်ပြန်လာတယ်ဆိုတာ မယုံကြည်နိုင်သေးဘူး။

အိမ်ပြန်ရောက်တော့ စုန့်လုလီက အဆာပြေ
စားဖို့အိမ်ရှေ့ခန်းကနေတစ်ဆင့် မီးဖိုချောင်ထဲကို လျှောက်သွားလိုက်တယ်။သူမစားနေရင်းလုန်ကျဲနဲ့ ပြောခဲ့တဲ့စကားတွေကို
ပြန်တွေးနေမိတယ်။သူမေးခဲ့တာက 
'လက်ထပ်ခြင်းက မင်းအတွက် အဓိပ္ပါယ်တစ်ခုခုရှိစေလား' တဲ့။

မရှိဘူး။ လူကုံထံ အသိုင်းအဝိုင်းတွေမှာ
ဒီလိုသတ်မှတ်ထားတဲ့လက်ထပ်ပွဲတွေက ပုံမှန်ဖြစ်လေ့ဖြစ်ထပဲ။တစ်ယောက်နဲ့တစ်ယောက် မိတ်ဖက်တွေဖြစ်လာဖို့အတွက် ဒီလို စီစဥ်ကြခြင်းဖြစ်တယ်။ဒါတွေက အသစ်အဆန်းတွေ မဟုတ်ဘူး။နှစ်ဖက်လုံး ဆန္ဒရှိနေသရွေ့တော့ ပျောက်ပျက်သွားမှာ မဟုတ်ဘူး။

သူမရဲ့အဖြေကြောင့်သာ သူက သူမကို ရွေးလိုက်တာ။ဒါပေမဲ့ သူမက လက်ထပ်တာ
နဲ့ပတ်သက်ပြီး ဂရုမစိုက်တာကို သူသိတော့ရော သူ့အတွက် ဘာအဓိပ္ပါယ်ရှိစေမှာမို့လို့လဲ။

သူမပြန်ခါနီးမှာလဲ သူက လိပ်စာကဒ်ကိုပေးပြီး သူမဆီ မကြာခင်လာတွေ့မယ်ဆိုပြီးတော့
ပြောခဲ့တယ်။

ဒါပေမဲ့ သူတို့က တခြားအကြောင်းအရာတွေနဲ့ပတ်သက်ပြီးမပြောဖြစ်ဘူး။သူမအကြောင်းကို သိဖို့လဲ မကြိုးစားဘူး။အနည်းဆုံးတော့ သူတို့က သူငယ်ချင်းတွေဖြစ်သင့်တယ်မဟုတ်ဘူးလား။

အကြောင်းတစ်ခုခုကြောင့် စုန့်​လုလီက ထူးဆန်းသလိုခံစားလာရတယ်။ သူမက လုန်ကျဲနဲ့ စေ့စပ်ခဲ့တယ်တဲ့။

ဒီလိုအခြေအနေထိ ရောက်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ လုလီက ဒါကို ရှောင်လွှဲလို့မရတာကြောင့်လို့ သတ်မှတ်လိုက်တယ်။

လုလီက သူမအဒေါ် စုန့်ရမ်ကို သဘောကျမိ
တယ်။ သူမအဒေါ်ဟာ သူမရဲ့ခင်ပွန်းနဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို တစ်ခုထဲဖြစ်အောင်ပေါင်းစည်းဖို့အတွက် သတ်မှတ်ထားတဲ့ လက်ထပ်ပွဲကို လက်ခံလိုက်တယ်။အခုအဲ့ဒီ လုပ်ငန်းကြီးကို စုရှန်းက သူမရဲ့အစ်ကို စုချန်နဲ့တူတူ ဆက်ခံရမှာ ဖြစ်တယ်။

နွေညအတွက် သီချင်းတစ်ပုဒ်(Translation)Where stories live. Discover now