Chp - 19(Research)

261 24 2
                                    

Unicode:

Research

'အဲ့လိုယောကျာ်းတွေနဲ့ အဆက်အဆံမလုပ်နဲ့' ဆိုတဲ့စကားက စုန့်လုလီ၏စိတ်ထဲတွင် အထပ်ထပ်ပြန်ကြားနေရသည်။

လုန်ကျဲပြောခဲ့တာက တခြားယောကျာ်းတွေနဲ့ အဆက်အဆံမလုပ်ဖို့လို့ မပြောဘဲ ဖန်းဝူလို မိန်းကလေးတွေအပေါ် အခွင့်အရေးယူတတ်တဲ့ ယောကျာ်းတွေနဲ့သာ အဆက်အဆံ မလုပ်ဖို့ ပြောခဲ့တာ။ 
သူမအနေနဲ့ ဒါကို ဘယ်လို ယူရမလဲ မသိတော့ပေ။ သူမ ဒီညလုပ်ခဲ့တာနဲ့ပတ်သက်ပြီး သူက စိတ်မကောင်းဖြစ်နေတာလား။ ဒါပေမဲ့ သူမ တခြားယောကျ်ားတွေနဲ့ အချိန်ဖြုန်းတာကိုတော့ သူက တားမြစ်တာမျိုးမလုပ်ဘူးလေ။ ယောကျာ်းလေးနဲ့မိန်းကလေးက သူငယ်ချင်းတွေ ဖြစ်လို့ရတာပဲ။ အဲ့လို​ယောကျာ်းတွေနဲ့သာ အဆက်အဆံ လုပ်ခွင့်မပြုတာလေ။

သူ စိတ်ပူနေတာများလား။

သူမကတော့ သူ့ကို နားမလည်ပဲ ရှိနေတုံးဘဲ။ သူက သူမကို ဒီညတုံးက ကူညီခဲ့တယ်။ ဒါပေမဲ့ အာ့တာက တာဝန်၊ဝတ္တရားကြောင့် ဖြစ်နိုင်တာပဲ။ ပြီးတော့ သူ့ကို ကြည့်ရတာ စိတ်မကောင်းဖြစ်နေတဲ့ပုံလဲ မပေါ်ပါဘူး။ သူက သူမပြောတဲ့အတိုင်း လိုက်လုပ်ပြီး 
သူမရဲ့အနိုင်အဖြစ် ပြောင်းသွားအောင် လုပ်လိုက်တာပဲလေ။ 

စုန့်လုလီက  သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းလို့ဖြစ်နိုင်တဲ့ဆက်ဆံရေး နဲ့ပတ်သက်ပြီး ဘယ်လိုဆက်လုပ်ရမလဲဆိုတဲ့ အတွေးတွေ ခြံရံလျက် လုန်ကျဲနောက်က လိုက်လာသည်။

သူက သူ့ရဲ့ခြေတံရှည်ရှည်ကြီးတွေနဲ့ မြန်မြန်လျှောက်နေသည်။ သူက သူမကို အနောက်မှာ ချန်ထားတော့မယ်လို့ သူမ တွေးမိတော့မဲ့အချိန်မှာ သူက အပေါက်ဝမှာ ရပ်စောင့်နေသည်။

လုန်ကျဲက သူမနဲ့ မျက်နှာချင်း မဆိုင်ပေမဲ့ သူမရဲ့ဒေါက်ဖိနပ်သံကို အနီးနားမှာ ကြားရတဲ့အချိန်ထိ ရပ်ရုံမျှသာ ရပ်နေခဲ့ပြီး သူမအတွက် တံခါးဖွင့်ပေးကာ အဆောက်အအုံထဲက နှစ်ယောက်တူတူ ထွက်လာခဲ့သည်။

သူတို့နှစ်ယောက်လုံးဟာ ဒီကိုလာတဲ့အချိန်မှာ သက်သက်စီ လာခဲ့ကြတာကြောင့် စုန့်လုလီက သူမရဲ့ကားကို ရှာကာ မောင်းပြန်လာခဲ့သည်။

နွေညအတွက် သီချင်းတစ်ပုဒ်(Translation)Where stories live. Discover now