Unicode:
မင်းအကြောင်း ပိုသိလာရခြင်း
အလုပ်ပြီးတဲ့နောက် လုန်ကျဲက အိမ်ကို ပြန်လာခဲ့သည်။ ပြီးနောက် သူက ရင်းနှီးတဲ့ပုံရိပ်တစ်ခုကို သတိပြုမိသွားသည်။သူက သူ့ထက်အရင် အိမ်မှာ တစ်ယောက်ယောက်ရှိနေတာမျိုးကို နေသားမကျခဲ့ဖူးပေ။
ပုံမှန်အတိုင်းပဲ တိတ်ဆိတ်မှုက သူ့ကို ကြိုဆိုနေခဲ့သည်။ သူက နိုင်ငံကို လွန်ခဲ့တဲ့နှစ်အနည်းငယ် ပြန်ရောက်ပြီးချိန်ထဲက တစ်ယောက်ထဲ ခွဲနေခဲ့တာဖြစ်သည်။
လုန်ကျဲက ပေါ့ပေါ့ပါးပါးသီချင်းသံကို နားထောင်လျက်
အေးအေးလူလူ လမ်းလျှောက်ကာ ဧည့်ခန်းထဲသို့ ဆင်းလာသည်။ စုန့်လုလီက သူမရဲ့အိမ်နေအဝတ်အစားပေါ်ကနေ အေပရွန်အတိုကို ထပ်ဝတ်ထားကာ
ဆံပင်ကို ခပ်နိမ့်နိမ့်
စည်းနှောင်ထားသည်ကို တံခါးခုံကနေ လုန်ကျဲက တွေ့လိုက်ရသည်။
ထိုမြင်ကွင်းနဲ့ပတ်သက်ပြီး သူ့စိတ်ထဲမှာ တစ်ခုခုက လှုံ့ဆော်လာတာကို သူခံစားလိုက်ရသည်။ ဒါမဲ့ ဘာလဲဆိုတာ မပြောတတ်ပေ။စုန့်လုလီက သီချင်းသံနှင့်အတူတူ အနည်းငယ် ယိမ်းကနေသည်။ သူမက သူ့ကို တွေ့သွားတဲ့အခါ အလန့်တကြား ခုန်လိုက်မိသည်။ လက်တွေကို သူမရဲ့ခုန်နေတဲ့ရင်ဘတ်မှာ ဖိတင်ထားလျက် ပါးတွေက ရှက်သွေးဖြာသွားသည်။ "ရှင် ကျွန်မကို လန့်အောင်လုပ်နေတာပဲ" , သူမ ပြောလာသည်။
လုန်ကျဲက မရီမိအောင် ကြိုးစားထိန်းနေပေမဲ့ ရီသံ ထွက်လာခဲ့သည်။ "မင်း တကယ်ကို လွယ်လွယ် လန့်တတ်တာပဲ" , သူက မှတ်ချက်ပြုလိုက်သည်။ သူမက ငြူစူစူနဲ့ ပါးဖောင်းကာ ရှက်စိတ်နဲ့ တစ်ဖက်သို့ အကြည့်လွှဲလိုက်သည်။
"ကိုယ်က မင်းနောက်ကျမှ ပြန်လာမယ်ထင်နေတာ" , သူက ပြောပြီး သူ့ရဲ့လက်ဆွဲအိတ်ကို အောက်ချလိုက်ကာ အကျီကော်လံက လည်စည်းကို
ဖြေလျော့လိုက်သည်။စုန့်လုလီက မီးဖိုဘက်ကို မျက်နှာပြန်မူလိုက်ပြီး ဟင်းခတ်မှုန့်အချို့ကို မွှေထည့်လိုက်သည်။ သူမက ဘာမှ မပြောတော့ပေမဲ့ လုန်ကျဲက သူမအနောက်မှာ နီးကပ်စွာ လာတိုးရပ်နေသည်။ "ဘာတွေ ချက်နေတာလဲ" , သူက မေးလာသည်။
YOU ARE READING
နွေညအတွက် သီချင်းတစ်ပုဒ်(Translation)
RomanceOriginal Title - A Song For A Summer Night Author - TheRedQueen Translator(Burmese) - Stella Start Date - 27.11.2021(Saturday) End Date - ~ Disclaimer: I don't own this novel. I just translate this and I give full credit to original author. If you w...