Chp - 6(Su Chen)

342 30 8
                                    

Unicode:

Su Chen

စုရှန်းက စုန့်လုလီကို အိပ်ခန်းထဲမှာ ထားခဲ့ပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်။

look မခတ်ထားတဲ့ ရေချိုးခန်းထဲကို သူမ အတားအစီးမဲ့စွာ ဝင်လာခဲ့တယ်။ အဲ့ဒီအချိန်မှာ အပေါ်ပိုင်းအကျ်ီမပါဘဲ မှန်ရှေ့မှာ သွားတိုက်နေတဲ့ စုချန်ကို သူမ တွေ့သွားတယ်။

"အို, sorry" , သူမ ပြောပြီး ပြန်ထွက်သွားဖို့ လုပ်ပေမဲ့ စုချန်က ဟန့်တားလိုက်ပြီး သူမကို
တံခါးဖွင့်လျက် တံခါးဝမှာ စောင့်နေစေတယ်။ ကြာမြင့်တဲ့ ခရီးစဥ်ကြောင့် သူ့ရဲ့ မျက်လုံးတွေက ပင်ပန်းနွမ်းလျနေပြီး သူ့ရဲ့အမဲရောင် ဆံပင်တွေကလဲ ရှည်လျားတဲ့မျက်တောင်တွေပေါ်ကျော်ပြီး ဖရိုဖရဲကျနေတယ်။သူ့ကို ဖော်ပြရမယ်ဆိုရင် ခန့်ညားတယ်။ ဟုတ်တယ်။သူမအနေနဲ့ ဘယ်သူ့ကိုမဆို ခန့်ညားတယ်ဆိုပြီး ပြောနိုင်တယ်။ ပြီးတော့ စုချန်ကိုလဲ အဲ့လိုပဲ။

သူက ပလုတ်ကျင်းပြီး ထွေးထုတ်ဖို့အတွက် အနောက်ကိုဆုတ်လိုက်တယ်။ထို့နောက် စုရှန်းကို ဝင်လာဖို့အတွက် ခေါင်းငြိမ့် အချက်​
ပြလိုက်တယ်။ သူမဝင်လာပြီးနောက် " ငါ အိမ်သာသုံးမလို့ ", သူက ခေါင်းငြိမ့်ပြပြီး ထွက်သွားတယ်။

သူမ မျက်နှာသစ်ဖို့လို့ သူထင်နေခဲ့တာဖြစ်နိုင်တယ်။ အရင်ကဆိုရင်တော့ သူမ အဲ့လိုလုပ်ရင် လုပ်လိမ့်မယ်။ ဘေစင်ကလဲ နှစ်ခုရှိတယ်လေ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး သူမ ဒီလိုလုပ်တဲ့ အကျင့်ဖြစ်လာတယ်။

ကိစ္စပြီးသွားပြီး သူမပြန်ထွက်လာတဲ့အခါမှာတော့စိတ်တွေလှုပ်ရှားနေတယ်။ စုချန်က နံရံကို မှီပြီး ရပ်နေတယ်။ သူက သူမအနားကို အလျင်အမြန်ရောက်လာပြီး "နောက်ပြီးရင် ငါ့ကို လာတွေ့" ။ စုရှန်းက ခေါင်းငြိမ့်ပြပြီးနောက်သူ့ဘေးနားကနေ ဖြတ်သွားပြီး သူမအခန်းထဲကို ဝင်သွားတယ်။

ထို့နောက် သူမ စုန့်လုလီကို ပြောလိုက်တယ် "နင် အဆင်သင့်ဖြစ်ပြီလား"

စုန့်လုလီက လေတွေရှုထုတ်လိုက်ရင်း " Yes " သူမ ပြန်တုံ့ပြန်လိုက်တယ်။

နွေညအတွက် သီချင်းတစ်ပုဒ်(Translation)Where stories live. Discover now