Chp - 2(Saving the Company)

456 33 1
                                    

Unicode:

Company ကို ကယ်တင်ခြင်း

နောက်တစ်နေ့မှာ စုန့်လုလီက ခါတိုင်းလိုပဲ အလုပ်ကိုသွားခဲ့တယ်။

အရင်က သူမက စျေးကွက်ရှာဖွေရေး
ဌာနမှာ အလုပ်လုပ်ခဲ့ပေမဲ့ သူမအဖေဟာ သူမရဲ့အနာဂတ်မှာတာဝန်ယူရမယ့်
နေရာအတွက် သူမကို စီးပွားရေး ဗျူဟာများကို စီမံခန့်ခွဲ၊ညွှန်ကြားရပြီး
အမှုဆောင်တွေနဲ့ တွဲအလုပ်လုပ်ရမယ့်
အထွေထွေစီမံခန့်ခွဲရေးဌာနကို ပြောင်းပေးခဲ့တယ်။

သူမအဖေက သူမကို အလုပ်မစခင် လာတွေ့ဖို့ မှာကြားခဲ့တယ်။

ဒါကြောင့် သူမအဖေရှိရာ ရုံးခန်းထဲကိုလျှောက်သွားလိုက်တယ်။သူမ
အဖေသည် အမဲရောင်ဝတ်စုံပြည့်ဝတ်ထားပြီး ထိုင်ခုံမှာထိုင်နေတယ်။သူမ ဝင်လာပြီးနောက် အနောက်က ရုံးခန်းတံခါးကို ပိတ်လိုက်တယ်။သူမအဖေက အလုပ်ထဲမှာ အာရုံစိုက်ပြီး လုပ်နေတယ်။သူ့ရဲ့ နက်မှောင်တဲ့ ဆံပင်တွေဟာ မျက်လုံးကိုကျော်ပြီး ရှိနေတာကြောင့် သူ့ပုံစံဟာ ငယ်ရွယ်တဲ့ပုံပေါက်နေတယ်။သူ့ရဲ့ဆံနွယ်တွေကြားထဲမှာ အဖြူရောင်ဆံပင်တစ်ချောင်းသာရှိတယ်။ သူ့ရဲ့မျက်လုံးတွေဟာ သူမရဲ့အစ်ကိုလိုပဲ ရွှေရောင်မျက်စံလေးဖြစ်နေတယ်။

"လုလီ",သူက သူမကိုခေါ်လိုက်တယ်။သူ့ပုံစံကိုကြည့်ရတာ တစ်ခုခုကို စိုးရိမ်ပြီး အလုပ်ပိနေသလိုပဲ။ဒါပေမဲ့ အာ့တာကဘာလဲ။

အာ့တာက တကယ်ကိုအရေးကြီးတဲ့အရာပဲ ဖြစ်ရမယ်။"မဂ်လာပါ,အဖေ" , သူ့အရှေ့စားပွဲက ခုံမှာထိုင်လိုက်ရင်း သူမပြောလိုက်တယ်။
ထင်ထားတာက သူမအဖေက အရောင်းဌာန နဲ့ HR ဌာနကအစီရင်ခံစာတွေနဲ့ပတ်သက်ပြီး
ပြောလိမ့်မယ်လို့။ဒါပေမဲ့သူ့ကိုကြည့်ရတာ တစ်ခုခုကို စိုးရိမ်ပူပန်နေသလိုပဲ။

"သမီး ဘာကူပေးလို့ရနိုင်မလဲ", သူမ မေးလိုက်တယ်။

သူမရဲ့အဖေဟာ သူ့ရဲ့နက်မှောင်တဲ့ဆံပင်တွေထဲ လက်ထိုးလိုက်ရင်း သက်ပြင်းချလိုက်တယ်။

"သမီးက အဖေ့ရဲ့အမွေဆက်ခံသူဖြစ်တဲ့အတွက် အဖေ ပွင့်ပွင့်လင်းလင်းပဲပြောမယ်။ သမီးအဆင်သင့်ဖြစ်ပြီလား" , သူဟာသူမကို တဲ့တိုးမေးလိုက်တယ်။

နွေညအတွက် သီချင်းတစ်ပုဒ်(Translation)Where stories live. Discover now