Chp - 9(Moving)

425 35 1
                                    

Unicode:

ရွှေ့ပြောင်းခြင်း

စုန့်လုလီက အစားအစာ အနံ့နောက်ကို လိုက်လာခဲ့သည်။ သူမ လှေကားကနေ ဖြည်းဖြည်းချင်းဆင်းလာရင်း ဘေးပတ်လည်ကို လေ့လာကြည့်နေ၏။

ခန်းမမှာ ဘာမှမရှိပေ။သူမ အံ့သြစွာနဲ့ပဲ လှေကားကနေဆက်ဆင်းလာခဲ့သည်။ အိမ်ကသူမထင်ထားတာထက်ကို ကြီးသည်။တိုင်လုံးတွေကလဲ မြင့်မားပြီး လှေကားအရှည်ကြီးနဲ့တောင် မှီဖို့မဖြစ်နိုင်ပေ။

သူမခြေထောက်အောက်က ကြမ်းခင်းတွေကိုတော့ အနက်နဲ့ အရောင်တင်ထားပြီး ခြေသံလုံသည်။လေထုက သူမရဲ့အကြိုက်တွေထဲကတစ်ခုဖြစ်တဲ့ lavender ရနံ့မျိုးသင်းနေသည်။ corrider ပတ်လည်တစ်လျှောက် သူမ အနည်းငယ်လျှောက်သွားလိုက်ပြီးနောက် မီးဖိုချောင်ထဲကို ဝင်လာခဲ့သည်။

ညစာအတွက်တော့ စောနေသေးပေမဲ့ လုန်ကျဲကတော့ ဘာပဲဖြစ်ဖြစ် တစ်ယောက်ထဲ စားနေခဲ့တယ်။ သူမက အရှေ့မှာအငွေ့တစ်ထောင်းထာင်းထနေတဲ့ ပန်းကန်ပြားရှိရာ သူနဲ့မျက်နှာချင်းဆိုင်မှာ နေရာဝင်ယူလိုက်သည်။သူမ ထိုင်လိုက်ပြီးချိန်မှာ သူက အနားက စားပြီးသားပန်းကန်လွတ်ကိုယူပြီး မတ်တပ်ထရပ်လိုက်သည်။

သူက ပန်းကန်ကို ပန်းကန်ဆေးစက်ထဲတွင် ထည့်လိုက်သည်။ထို့နောက် လက်ဆေးကာ ခြောက်အောင်သုတ်ပြီးနောက် အပြင်ကိုထွက်သွားသည်။

မီးဖိုချောင်ထဲက မထွက်ခင် တံခါးခုံနားမှာ လုန်ကျဲမတ်တပ်ရပ်လိုက်ပြီးနောက်, "မင်းစားလို့ပြီးရင် ပန်းကန်ဆေးစက်ထဲမှာပဲ ထည့်ထားလိုက်" , သူက ပြောလိုက်ပြီးနောက် သူမ ပြန်ပြောလာမှာကို စောင့်မနေဘဲ ထွက်သွားခဲ့သည်။

စုန့်လုလီက မျက်မှောင်ကြုတ်ပြီး စိတ်ပျက်မိသွားသည်။ ဒါပေမဲ့ သူမသက်ပြင်းကိုချလိုက်ပြီး ခရင်းနဲ့ဓါးကိုယူကာ စားဖို့လုပ်လိုက်သည်။

သူမ သူနဲ့နီးစပ်အောင်နေဖို့ မလိုအပ်ပေမဲ့လဲ 
သူတို့က ခင်ပွန်းနဲ့ဇနီးဖြစ်နေပြီဖြစ်တာကြောင့်အနည်းဆုံးတော့ တစ်ယောက်နဲ့တစ်ယောက်  ကောင်းကောင်း သိချင်မိသည်။ မကြာခင် သူတို့ရဲ့ Company တွေကို ဆက်ခံလာရမယ့်အချိန်ကျရင် သူက သူမကိုစကားတောင် မပြောဘဲနဲ့ ဘယ်လိုလုပ် အလုပ်တူတူ တွဲလုပ်နိုင်မှာတဲ့လဲ။

နွေညအတွက် သီချင်းတစ်ပုဒ်(Translation)Where stories live. Discover now