Unicode:
စည်းကမ်းချက်များ နှင့် သဘောတူညီမှု
စုန့်လုလီအဖေက မကြာခဏ
လုပ်နေကြအတိုင်း သူမကို အလုပ်ကနေ ကားကြုံကြိုလာခဲ့တယ်။ သူတို့အိမ်ပြန်ရောက်တဲ့အချိန်မှာ မွှေးပျံ့နေတဲ့အစားအသောက်ရနံ့က သူတို့ကို ကြိုဆိုနေတယ်။အာ့တာက ပွဲတော်ရနံ့လိုမျိုးပဲ။
စုန့်လုလီက ရုတ်တရက် ပဟေဠိဆန်သွားတယ်။ သူမအမေက အိမ်မှာလူစုံစုံရှိတဲ့အချိန် ဒါမှမဟုတ် ဧည့်သည်လာတဲ့အချိန်မှသာ ဟင်းလျာတွေအများကြီး ချက်ပြုတ်တာလေ။သူတို့ အိမ်ထဲကိုဝင်လာပြီးတဲ့အခါ
ထိုင်ခုံမှာထိုင်ရင်းသူမအမေနဲ့ စကားပြောနေတဲ့ လုန်ကျဲကို တွေ့လိုက်ရတယ်။ သူက ယဥ်ကျေးစွာပြုံးနေကာ သူမလုပ်ထားတဲ့ blackberry ဖျော်ရည်ကိုသောက်ရင်း သူမအမေပြောတာတွေကို နားထောင်နေတယ်။စုန့်လုလီက ပြောစရာစကားလုံးတွေ ပျောက်ဆုံးသွားတယ်။ သူမ တစ်ခဏလောက် ပါးစပ်ဟောင်းလောင်းဖြစ်သွားပြီး ပြန်စေ့လိုက်တယ်။
စားပွဲကို ပြန်မသွားခင် လုန်ကျဲက သူမအဖေကို လက်ဆွဲနှုတ်ဆက်ဖို့ မတ်တပ်ထရပ်လိုက်တယ်။
"အာ..,ရှန့် နဲ့ လုလီ ,လာ ထိုင်ကြလေ" , သူမရဲ့အမေ,ချမ်မိန်ဂွေ့က သူတို့ကို ကြိုရင်း ပြောလိုက်တယ်။
စုန့်လုလီက သံသယများစွာနဲ့ လျှောက်လာခဲ့တယ်။ သူမအမေက လုန်ကျဲနဲ့ မျက်နှာချင်းဆိုင်မှာထိုင်ဖို့ သူမကို မျက်နှာရိပ်ပြလိုက်တယ်။ စုန့်လုလီက သူမသိအောင် မျက်လုံးကိုလှန်တင်လိုက်ရင်း
စိတ်ပျက်လက်ပျက်နဲ့ပဲ နာခံလိုက်ရတယ်။
သူမအဖေက သူမဘေးနားမှာ ဝင်ထိုင်ပြီး သူမအမေကတော့ စားပွဲပေါ်မှာ ပန်းကန်တွေချပေးရင်း လုန်ကျဲရဲ့ဘေးနားမှာ ဝင်ထိုင်လိုက်တယ်။အားလုံးက ချမ်မိန်ဂွေ့ကို ဟင်းပွဲတွေ
ပြင်ဆင်ပေးထားတဲ့အတွက် ကျေးဇူးတင်ရင်းအစားအသောက်တွေကို ပန်းကန်ထဲ
ထည့်စားလိုက်ကြတယ်။သူမအမေက လုန်ကျဲကို မေးခွန်းတွေ အများကြီးမေးခဲ့တယ်။ ဒါပေမဲ့ သူမမေးခွန်းတွေက သူ့အတွက် အနှောင့်အယှက် မဖြစ်သလိုမျိုး စိတ်ရှည်ရှည်နဲ့ ပြန်ဖြေနေတာက လုလီကို အံ့သြစေမိတယ်။ Interview လုပ်နေတာနဲ့တောင် တူနေသလိုပဲ။ တကယ်လဲ အဲ့လိုလုပ်နေတာဖြစ်နိုင်တယ်။
YOU ARE READING
နွေညအတွက် သီချင်းတစ်ပုဒ်(Translation)
RomanceOriginal Title - A Song For A Summer Night Author - TheRedQueen Translator(Burmese) - Stella Start Date - 27.11.2021(Saturday) End Date - ~ Disclaimer: I don't own this novel. I just translate this and I give full credit to original author. If you w...