Unicode:
Dinner (2)
ထမင်းစားခန်းထဲတွင်တော့ လုန်ကျဲရဲ့အဖိုးအဖွားတွေမျက်နှာက အေးစက်ပြီး ခပ်တန်းတန်းဖြစ်နေသည်။
သူတို့နှစ်ယောက်လုံးမှာ မီးခိုးဖြူရောင်ဆံပင်တွေနဲ့အတူ မက်မွန်ပုံမျက်လုံးတွေရဲ့ဘေးမှာ ဇရာကြောင်းလဲ ရှိနေသည်။သူတို့က သူမကို အထင်မကြီးတဲ့ပုံစံနဲ့ စိုက်ကြည့်နေကြတာကြောင့် သူမက ရုတ်တရက် သူမရဲ့ပုံစံကို ပြန်သတိပြု ကြည့်မိသွားသည်။
လုန်ကျဲက သူတို့ကိုခါးညွှန့်ပြီး နှုတ်ဆက်လိုက်တဲ့အခါ စုန့်လုလီက သူ့အတိုင်း လိုက်လုပ်ပြီး, "Hello" ,
သူမအနေနဲ့ သူတို့ကို စပြီးနှုတ်ဆက်လိုက်သည်။အဖွားလုန်ဟာ သူမကို အချိန်ကြာကြာ လေးလံစွာ စိုက်ကြည့်ပြီးနောက် မေးလိုက်သည်။ "မင်းက လုန်ကျဲရဲ့ဇနီးလား"
"ဟုတ်ကဲ့။ သမီးက စုန့်လုလီပါ" , သူမ အတည်ပြုပေးလိုက်သည်။
"စုန့် လား" , အဖွားလုန် မေးလိုက်တာဟာ
မေးခွန်းတစ်ခုဆိုတာထက် ပိုသည်။ သူမအနေနဲ့ အဖွားလုန် ဘာတွေးနေလဲဆိုတာ မပြောတတ်ပေ။လုန်ကျဲက သူမကို
သူ့အမေရဲ့ဘေးနားမှာ
သူနဲ့မျက်နှာချင်းဆိုင်ထိုင်ဖို့
အမူအရာပြလိုက်သည်။အလုပ်သမားအချို့က ရောက်လာပြီး သူတို့အတွက် စားစရာတွေ စပြင်ပေးနေသည်။
စုန့်လုလီက လူ ခြောက်ယောက်သာ ရှိမယ်လို့ မထင်ခဲ့ဘူး။ တခြားသူတွေက ဘာလို့ မလာတာလဲ သိချင်နေမိတယ်။တိတ်ဆိတ်မှုဟာ မီးခိုးတွေလိုမျိုး အခန်းကို ပြည့်နှက်သွားသည်။ တစ်ယောက်ယောက်က စပြီး စကားပြောပါစေလို့ သူမ မျှော်လင့်နေမိသည်။ သူမခံစားနေရတဲ့ဒုက္ခကနေ ကယ်တင်ပေးကြပါအုံး။
အဖွားလုန်က ငါးစွပ်ပြုတ်ကို ပါးစပ်ထဲအပြည့်သောက်ပြီးနောက် စကားစပြောလိုက်သည်။ "ကလေးမက ကျောင်းတက်နေတုံးလား, စုန့်လုလီ"
"သမီး ဘွဲ့ရပြီးပါပြီ" , စုန့်လုလီက မဆိုင်းမတွပြန်ဖြေလိုက်သည်။
"အို.. ဟုတ်လား" , အဖွားလုန်က ပြောလာသည်။ "ဘာနဲ့ဘွဲ့ရတာလဲ"
"Business Management နဲ့ပါ " , စုန့်လုလီက ပြန်ဖြေလာသည်။
YOU ARE READING
နွေညအတွက် သီချင်းတစ်ပုဒ်(Translation)
RomanceOriginal Title - A Song For A Summer Night Author - TheRedQueen Translator(Burmese) - Stella Start Date - 27.11.2021(Saturday) End Date - ~ Disclaimer: I don't own this novel. I just translate this and I give full credit to original author. If you w...