Arc 8.1 [War of Mechanics]

30.6K 1K 89
                                    

Jing Yang သူ့တကိုယ်လုံးဆွဲဖြဲလိုက်သလို ခံစားရပြီး အသက်ရှုရတာတောင် ခက်ခဲနေသလိုပါပဲ။ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ မှုန်ပြပြအလင်းရောင်နဲ့ အရာအားလုံးက ဝေဝေဝါးဝါးနဲ့ မြူထူထူကာရံနေသလိုလို။

ကြည့်ရတာ ဒီခန္ဓာကိုယ်က ပြင်ပဒဏ်ရာအတော်လေး ရထားပုံ‌ပေါက်တယ်။ သူ System ကို အသက်သွင်းလိုက်ပေမယ့် ထိခိုက်ဒဏ်ရာတွေကို ချက်ချင်းကုသဖို့ မဖြစ်နိုင်ဘူး။ သူ့အမြင်အာရုံက ဝေဝါးနေတယ်ဆိုပေမယ့် သူရောက်နေတဲ့နေရာက အလွန်ကျဉ်းမြောင်းတယ်ဆိုတာ ခံစားလို့ရပါသေးတယ်။ ဒီနေရာက ထွက်သွားလို့ရမယ့် နည်းလမ်းရှိမရှိ ဆုံးဖြတ်ဖို့ အနီးစပ်ဆုံး မှတ်ဉာဏ်တိုထဲမှာ ဘာဖြစ်ခဲ့တာလဲဆိုတာ သိဖို့ Jing Yang အဲ့မှတ်ဉာဏ်ထဲက မြင်ကွင်းခလုတ်တစ်ခုကို နှိပ်လိုက်ပါတယ်။

ချက်ချင်းကြီး လင်းထိန်သွားပြီး စူးရှတောက်ပတဲ့အလင်းကြောင့် Jing Yang မျက်လုံးတွေ ကန်းမတက်ဖြစ်သွားပါတယ်။ သူအသားကျဖို့ အတော်ကြာကြာအချိန်ယူလိုက်ရပါတယ်။ နောက်ဆုံးမှာ မျက်လုံးတွေကို ဖြည်းညင်းစွာဖွင့်လိုက်ပါတယ်။

လောလောဆယ် သူ့ကိုယ်က လှုပ်မရသေးဘူးဆိုတော့ ‌ခေါင်းကို အနည်းငယ်ပဲ လှည့်လိုက်နိုင်ပါတယ်။ သူ့အမြင်အာရုံလည်း တဖြည်းဖြည်း ကြည်လင်လို့လာပါတယ်။ သူ ကျိုးပဲ့ပျက်စီးနေတဲ့ Mecha ကိုယ်ထဲမှာ လဲလျောင်းနေပြီး ပတ်လည်က စွန့်ပစ်မြေတွေ ဝိုင်းနေပါတယ်။ ကျောက်တွေ သဲတွေမပြောနဲ့ သစ်ပင်တစ်ပင်တောင် မရှိပါဘူး။

သူ့ဦးခေါင်းခွံက တစ်စစီကွဲတော့မတက် ကိုက်ခဲနေပြီး သူ့မျက်နှာမှာ ခြောက်သွေ့နေတဲ့ သွေးတွေလည်း ရှိနေပါသေးတယ်။ ဒီအခြေအနေမျိုးမှာ သူ့ခန္ဓာကိုယ်တစ်ခုလုံး နည်းနည်းလေးတောင် လှုပ်မရသလို ဘယ်သူမှလည်း လာကယ်မယ့်ပုံမရှိပါဘူး။ သူအကယ်မခံရတော့ဘူး ထင်ပါရဲ့။

သူလုပ်နိုင်တာဘာများရှိမလဲ တွေးနေတုန်း ကောင်းကင်မှာ အမည်းရောင်အစက်အပျောက်အနည်းငယ်ကို တွေ့လိုက်ရပါတယ်။ အစက သူ့မျက်လုံးတွေမှာများ ပြဿနာရှိနေတာလားဆိုပြီး ထင်လိုက်ပေမယ့် အဲ့အစက်အပျောက်တွေက တဖြည်းဖြည်းကြီးလာပြီး နိမ့်ဆင်းလာတဲ့ Mecha အကြီးစားတွေဆိုတာကို ရှင်းရှင်းလင်းလင်းတွေ့လိုက်ရပါတယ်။

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now