သူက သွေးသန့်ရေသူမအစစ်ဖြစ်လို့ ရေသူမဘုရင်ကြီးနဲ့ တွေ့ဖို့လုံးဝမကြောက်တဲ့ အမူအရာ Abby မှာ ရှိလို့နေပါတယ်။ သူ ဒီလိုယုံကြည်ချက် ပြည့်ဝနေတာမြင်တော့ ဘုရင်နဲ့ Cory က ပိုပြီးတည်ငြိမ်လာကြပြီး Reibar ထီးနန်းကနေ ဆက်ဆံခွင့်ကင်းလွတ်သွားသလို အလွန်အမင်းပျော်ရွှင်နေကြပါတယ်။
ရေသူမဘုရင်ကြီးနဲ့ဆက်သွယ်ဖို့ရာ ကုန်းမြေဘုရင်တွေမှာ ကျောက်ပြားဝိုင်းတစ်ခု အသုံးပြုဖို့လိုအပ်ပါတယ်။ ကျောက်ပြားဝိုင်းအလယ်မှာ အနီရောင်ကျောက်တုံးကို ရေသူမဘုရင်ကြီးက စွမ်းအင်သုံးပြီး အသက်သွင်းရမှာဖြစ်ပါတယ်။ အနီရောင်ကျောက်တုံးပေါ်ကို ဘုရင်က သွေးတစ်စက်ချလိုက်တဲ့အခါ ရေသူမဘုရင်ကြီးက သိရှိမှာဖြစ်ပြီး သူ့ဘက်ကနေ စွမ်းအင်သုံးလိုက်တဲ့အခါ ကျောက်ပြားဝိုင်းပေါ်ကနေ ပရိုဂျက်တာလို ပုံရိပ်ထွက်လာပြီး ကုန်းမြေဘုရင်နဲ့ အပြန်လှန် စကားပြောနိုင်မှာပါ။
ဘုရင်နဲ့ Reibar၊ Abby နဲ့ Cory ပြီးတော့ ရာထူးမြင့်ပိုင်းက အရာရှိတွေက မျက်မြင်သက်သေအနေနဲ့ ကျောက်ပြားဝိုင်းထားတဲ့အခန်းထဲကို ဝင်ရောက်သွားကြပါတယ်။
အခန်းထဲကို ဝင်ပြီးတဲ့နောက် ဘုရင့်သက်တော်စောင့်က ကျောက်ပြားဝိုင်းဆီ လျှောက်သွားလိုက်ပေမယ့် ကျောက်ပြားအလယ်က အနီရောင်ကျောက်ကိုမြင်ပြီး သူချက်ချင်း ဆို့နင့်လို့သွားပါတယ်။
ပတ္တမြားက သွေးနီရောင်ရှိရမှာ အခုတော့ မဲနက်ပြီး ကွဲအက်နေပါလား။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ?!" ဘုရင်က စိုက်ကြည့်ရင်း အော်ဟစ်လိုက်တယ်။ "အစောင့်တွေ!"
တံခါးအပြင်ဘက်က အစောင့်တွေ ပြေးဝင်လာတော့ ကျိုးပဲ့နေတဲ့ ပတ္တမြားကိုတွေ့လိုက်ပါတယ်။ သူတို့တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပေမယ့် ဘာဖြစ်နေမှန်း မသိပါဘူး။
"ပြောစမ်း! ဒီမှာ ဘာတွေဖြစ်နေသလဲဆိုတာ!?" ဘုရင်ကြီးတုန်လှုပ်သွားတာနဲ့တစ်ပြိုင်တည်း အသက်ရှုသံမမှန်တော့ပါဘူး။ သူ့ရင်ဘတ်ကို ကာထားပြီး အစောင့်တွေကို မေးခွန်းထုတ်လိုက်ပါတယ်။
![](https://img.wattpad.com/cover/293131710-288-k152408.jpg)
STAI LEGGENDO
အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]
Avventuraကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Ellis_Hsu&wp_originator=G1qI1N5r%2B6QAxdydc3AHHoItnfqZZMLgEFx3k4U...