Arc 12.4

2.5K 382 16
                                    


Ji Xiao တရုတ်ပြည်ပြန်လာသောအခါ Chu Yang နှင့် Liu Hang နှစ်ယောက်စလုံး အလွန်ပျော်ရွှင်ကြပြီး သုံးယောက်သား ပုံမှန်အတိုင်း ပြန်လည် တွေ့ဆုံကြပါတော့သည်။ သူ့မှာ မိသားစုမရှိပေမယ့် သူငယ်ချင်းရော ချစ်သူရော ပိုင်ဆိုင်နိုင်သေးတာမို့ သိပ်တော့မဆိုးသေးဘူးဟု Chu Yang ထင်မိသည်။

တက္ကသိုလ်ပြီးတော့ စီစဉ်ထားတဲ့အတိုင်း Liu Hang ရဲ့ အေဂျင်စီမှာ Chu Yang ဝင်ခဲ့သည်။ Ji Xiao လည်းပဲ သူနဲ့အတူပေါ့။

သူတို့အတူတူ စာချုပ်ချုပ်ခဲ့ပေမယ့် ပွဲဦးထွက်တော့ Ji Xiao က သူ့ထက်အရင်ဖြစ်ခဲ့သည်။ Ji Xiao က ငယ်စဉ်ကတည်းက အသံပိုင်းဆိုင်ရာတွေ လေ့လာခဲ့ပြီး ကောင်းမွန်တဲ့အဆိုတော်တစ်ဦး ဖြစ်လာသည်။ အမျိုးမျိုးသောဂီတတူရိယာတွေကိုလည်း တီးတတ်သူမို့ ချက်ချင်းကို ပွဲဦးထွက်နိုင်ခဲ့သည်။ Chu Yang ရဲ့ သီချင်းဆိုနည်းစနစ်က တိုးတက်ဖို့ လိုအပ်နေသေးတာမို့ စာချုပ်ချုပ်ပြီးကတည်းက လေ့ကျင့်သင်ကြားရေးဆင်းနေခဲ့ရသည်။

သီချင်းဆိုခြင်းမှာ အားနည်းပေမယ့် သီချင်းရေးစပ်နည်းမှာတော့ Chu Yang က အတော်လေး ပါရမီပါသည်။ Ji Xiao ရဲ့ ပွဲဦးထွက်တစ်ကိုယ်တော်သီချင်းကို သူ ရေးပေးခဲ့သည်။ တက်သစ်စကလေးဖြစ်ပေမယ့် ဒီသီချင်းကြောင့် နာမည်ကြီးလာပြီး Ji Xiao က မျက်နှာသစ်အဆိုတော်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

Chu Yang ကများများလေ့ကျင့်ပြီး သီချင်းတွေ ပိုရေးနိုင်လာသည်။ သူအကောင်းဆုံးကြိုးစားပေမယ့်လည်း ပွဲဦးမထွက်နိုင်ဘဲ သူရေးထားသမျှသီချင်းအားလုံးဟာ Ji Xiao အတွက်ပဲ ဖြစ်လာသည်။ Ji Xiao က နာမည်ကြီးသထက် ကြီးလာသည်။

Ji Xiao နာမည်ကြီးလာတဲ့အပေါ် Chu Yang ပျော်ရွှင်နေသည်။ သူတို့အားလုံးက အရင်းနှီးဆုံးသူငယ်ချင်းတွေလို့ Chu Yang ရင်ထဲမှာ မှတ်ယူထားသည်။ သူရေးပေးလိုက်တဲ့သီချင်းကြောင့် Ji Xiao နာမည်ကြီးသွားတာမြင်တော့ အတော်လေးလည်း ဂုဏ်ယူမိသည်။ သူကိုယ်တိုင်ပွဲဦးမထွက်ရသေးပေမယ့် အာရုံစိုက်မှု အနည်းအများတော့ ရလာလေသည်။

နောက်ပိုင်းမှာ Ji Xiao က သူ့ဘာသာသီချင်းရေးနိုင်အောင် ကြိုးစားခဲ့ပေမယ့် တုံ့ပြန်မှုတွေက သိပ်မကောင်းတာကြောင့် Chu Yang ရဲ့ ရေးသားမှုအပေါ်မှာပဲ မူတည်ခဲ့ရသည်။ Chu Yang သီချင်းတွေကို အ သုံးပြုပေမယ့် ရေးသူနေရာမှာ Ji Xiao နာမည်ကိုပဲ အသုံးပြုပြီး စာသားနေရာမှာတော့ credit ပေးပါသတဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး Chu Yang စိတ်ရှုပ်ထွေးပေမယ့် သူ့ကို Liu Hang က လွယ်လွယ်နဲ့အာရုံပြောင်းနိုင်မယ့်နည်းတွေ့ရှိပြီး အသေးအဖွဲလေးတွေအတွက် စိတ်မပူဖို့ရာ ပြောခဲ့သည်။

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now