Arc 11.1 [Game Developer]
Jing Yang နိုးလာတော့ ကားထဲမှာ။ လမ်းမီးတိုင်တွေ ပြီးတော့ အထပ်မြင့်အဆောက်အဦဆီက မီးရောင် တောက်တောက်တွေ ကားဘေးကနေ ဖြတ်သွားတာကို မြင်တော့ မသိလိုက်စွာနဲ့ သူ့မျက်လုံးကို ပွတ်လိုက်မိတယ်။ ဒီခန္ဓာကိုယ်ကြီးတစ်ခုလုံး ပင်ပန်းနွမ်းနယ်နေတယ်။ ကောင်းကောင်းမနားရသေးဘူးဆိုတာ သိသိသာသာပဲ။
ကားမောင်းတဲ့သူကို ဖျတ်ခနဲ တစ်ချက်ကြည့်လိုက်တယ်။ သူ ဘယ်ကို သွားနေလဲဆိုတာ မသိဘူးဆိုပေမယ့် အရင်ဆုံး ဒီကမ္ဘာရဲ့ အခြေအနေကို နားလည်အောင် လုပ်ရမယ်။ အဲ့လိုမှမဟုတ်ရင် နောက်လာမယ့် ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ရမလဲ သိမှာမဟုတ်ဘူးလေ။ အနည်းဆုံးတော့ သူ့လက်ရှိအဆင့်အတန်း နေရာ နာမည်တွေတော့ သိသင့်တယ်မလား။
Jing Yang သူ့မျက်လုံးတွေကို မှိတ်လိုက်ပြန်တယ်။ ဒီခန္ဓာကိုယ်ရဲ့ မှတ်ဉ,ဏ်ကို ဖွင့်ရမယ့်အစား သူ့အနေအထားကိုသာ ရိုးရိုးရှင်းရှင်း နားလည်အောင် လုပ်လိုက်တယ်။
ဒီခန္ဓာကိုယ် ပိုင်ရှင်ရဲ့ နာမည်က Xi Le။ အသက်သုံးဆယ်တောင် မပြည့်သေးပေမယ့် ဂိမ်းကုမ္ပဏီအကြီးကြီးရဲ့ ဥက္ကဌတစ်ယောက်။ အခု သူက ပွဲတစ်ခု တက်စရာရှိလို့ သွားနေတဲ့ လမ်းမှာ။ ဘာလို့ သူအရမ်းပင်ပန်းနေသလို ခံစားရသလဲဆိုတော့ မူလပိုင်ရှင်က ဂိမ်းအသစ်တစ်ခုတီထွင်နေတာကြောင့် ကောင်းကောင်းအနားမယူဖြစ်တာ တစ်လလောက်ရှိနေပြီ။
သူ လုံးဝကို ပင်ပန်းနွမ်းနယ်နေပေမယ့်လည်း အရေးကြီးတဲ့ ဒီပွဲကို မဖြစ်မနေ တက်မှကို ဖြစ်မှာ။ ဘာကြောင့်လဲဆိုတာတော့ သိပ်မရှင်းလင်းလို့ သူလည်း ပိုပြီး ရှာကြည့်လိုက်တယ်။
ဘာကြောင့် ပွဲကို သွားရတာလဲဆိုတာ သူအကျဉ်းချုပ်လောက် နားလည်ထားမှ ပွဲရောက်ရင် ဘာလုပ်သင့်တယ်ဆိုတာ သိမှာလေ။ သူသိတဲ့တစ်ခုတည်းသောအရာက ပွဲကိုတက်မယ့်သူတွေက အရေးကြီးပုဂ္ဂိုလ်တွေပဲမလို့ သူ့တို့ကို နှုတ်ဆက်သင့်တယ်ဆိုတာပါပဲ။
ဟိုတယ်အဆောက်အဦရှေ့ရောက်တဲ့အခါ အခြေခံသတင်းအချက်အလက်တွေအကုန်လုံး Jing Yang စုပ်ယူမှတ်သားပြီးကာစရှိသေးတယ်။ အချိန်တိုအတွင်း လိုအပ်တဲ့အချက်အလက်မှန်သမျှရလိုက်သလို အမှားတစ်ခုခုမလုပ်မိဖို့ရာ သေချာသလောက်ပါပဲ။
ŞİMDİ OKUDUĞUN
အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]
Maceraကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Ellis_Hsu&wp_originator=G1qI1N5r%2B6QAxdydc3AHHoItnfqZZMLgEFx3k4U...