Arc 11.10
Jing Yang နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာကနေ နိုးလာပြီး မျက်နှာကို ခေါင်းအုံးနဲ့ပွတ်သပ်ရင်း စောင်အောက်ကနေ အကြောဆန့်ထုတ်ကာ မျက်နှာကို တစ်ဖက်လှည့်ပြီး တိတ်တဆိတ်နေရင်း မျက်လုံးဖွင့်လိုက်တယ်။
သူ့ခန္ဓာကိုယ် အကြိမ်ပေါင်းများစွာ အလှည့်ခံထားရပေမယ့် မထင်ထားလောက်အောင် လန်းဆန်းလို့နေပါတယ်။ အင်း အဓိကနေရာတစ်နေရာကတော့ သေးသေးလေး နာနေတာပေါ့။ တစ်ယောက်ယောက်က သေသေချာချာလေး သန့်ရှင်းပေးသွားတာ အသိသာကြီးပဲ။
အိပ်ရာထဲ ခဏလောက်လှဲနေပြီးမှ ထလိုက်တယ်။ အဝတ်ဗီရိုထဲက အောက်ခံဘောင်းဘီတစ်ထည် ဆွဲယူပြီး အပေါ်က တီရှပ်တစ်ထည်ကောက်စွပ်လိုက်တယ်။ နောက် ရေချိုးခန်းထဲ ကိုယ်လက်သန့်စင်ဖို့ ဝင်သွားတယ်။ သူ့ဘာသာ အိမ်မှာ တစ်ယောက်တည်းရှိချိန်ဆို သက်သောင့်သက်သာရှိတာလေးတွေပဲ ဝတ်လေ့ရှိတယ်။ အရမ်းပူတဲ့နေ့ဆို အောက်ခံဘောင်းဘီလောက်နဲ့ပဲ နေလိုက်တာပဲ။
ကိုယ်လက်သန့်စင်ပြီးတာနဲ့ မီးဖိုချောင်ထဲ တစ်ခုခုအဆာပြေစားဖို့ Jing Yang အလောတကြီးထွက်လာတယ်။ သူတံခါးကိုဖွင့်လိုက်တာနဲ့ ထမင်းစားခန်းထဲမှာ He Lang အသီးတချို့ကိုင်ရင်း ရပ်နေတယ်။ သူထွက်သွားပြီလို့ ထင်နေတဲ့ Jing Yang အံ့ဩသွားတယ်။
"နိုးပြီလား? လာ ဒီမှာထိုင်ပြီး အသီးစားလှည့်" နွားနို့ငှဲ့မပေးခင် He Lang အသီးတွေကို စားပွဲပေါ် ပြင်ပေးလိုက်တယ်။ သူက ဟင်းဘယ်လိုချက်ရမလဲမပြောနဲ့ ဆန်ပြုတ်တောင် ကောင်းကောင်းမပြုတတ်ဘူးလေ။ ဒီတော့ Jing Yang ကို အသီးတချို့လှီးပေးရုံပဲတတ်နိုင်တယ်။ ဒါပေမယ့် စားဖို့ကို အော်ဒါတော့ မှာထားပြီးသွားပြီ။
"ဘယ်ချိန်ရှိနေပြီလဲ? ခင်ဗျား ကုမ္ပဏီမသွားဘူးလား?" Jing Yang သူ့ကို သံသယအကြည့်နဲ့ကြည့်လိုက်တယ်။ နောက် စားပွဲဝိုင်းဆီလျှောက်သွားပြီး ခက်ရင်းတစ်စုံကောက်ယူရင်း စပြီး စားလိုက်တယ်။
"ကိုယ် ဒီနေ့ နားရက်ယူလိုက်တာ" He Lang က Jing Yang ထိုင်ချလိုက်လို့ ပေါ်လာတဲ့ ပေါင်တံသွယ်လျလျကို စိုက်ကြည့်ရင်း ဖြေလိုက်တယ်။ သူလည်း Jing Yang ဘေးကို လျှောက်သွားပြီး ထိုင်လိုက်တယ်။
![](https://img.wattpad.com/cover/293131710-288-k152408.jpg)
VOUS LISEZ
အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]
Aventureကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Ellis_Hsu&wp_originator=G1qI1N5r%2B6QAxdydc3AHHoItnfqZZMLgEFx3k4U...