Cory က နန်းတွင်းထဲက ဆရာဝန်ကိုခေါ်ပြီး Abby ကို စစ်ဆေးခိုင်းပါတယ်။ သူ့ခန္ဓာကိုယ်မှာ ဘာပြဿနာမှမရှိတာမို့ စိတ်ငြိမ်ဆေးနည်းနည်းလောက်သောက်ပြီး နားလိုက်ရင် ကောင်းသွားပါလိမ့်မယ်တဲ့။
Abby သောက်ပြီး အိပ်ပျော်သွားတာ Cory မြင်မှ သူနဲ့အတူမအိပ်ချင်လို့ ဘယ်ဘက်အခန်းထဲကို ဝင်သွားလိုက်ပါတယ်။
Cory ထွက်သွားတဲ့အခါ Abby မျက်လုံးတွေ ချက်ချင်းပွင့်လာပါတယ်။ သူစောင်ကို တင်းတင်းဆုပ်ထားလိုက်ပါတယ် ဘာလို့ဆို သူထိတ်လန့်နေလို့ပါပဲ။ သူ့နှလုံးက ပုံမှန်ထက်ကို ပိုပြီး အခုန်မြန်လို့နေပါတယ်။
Leann နန်းတော်ထဲမှာ ပေါ်လာလိမ့်မယ်လို့ သူတကယ်ထင်မထားခဲ့ဘူး။ ပြီးတော့ Reibar နဲ့တောင် အ တူပါလာသေး။ အမှိုက်လိုကောင် McAnton! သူ Leann ကို အိမ်ခေါ်သွားပြီး နေ့တိုင်းနှိပ်စက်နေတယ်ဆို? တကယ်ပဲ အဲ့ကောင်လှည့်စားတာ ခံလိုက်ရတာပဲ!
လေလံပွဲလုပ်တဲ့နေ့က McAnton တစ်ယောက် Jing Yang ကို ဝယ်ဖို့ကျရှုံးတာတင်မဟုတ်ဘူး Downey ကို ငွေတွေအများကြီးပေးလိုက်ရလို့ အတော်လေး ကုန်သွားပါတယ်။ Abby ကို သူ အမှန်တိုင်းပြောဖို့ရာကြောက်ရွံ့နေပါတယ်။ ဘာလို့ဆို သူ့စီးပွားရေးအတွက် Abby က မင်းသားကို အကောင်းပြောပေးမှ ဖြစ်မှာမို့ပါ။ ဒါက သိပ်အရေးမပါလှတဲ့ လူလုပ်ရေသူမပဲမို့ ဒီကိစ္စကို Abby မေ့ဖို့ အချိန် သိပ်မလိုလောက်ဘူးလို့ သူထင်ထားခဲ့တာ။ တကယ်လို့ သူသတိရလာပြီး သူ့ကိုတွေ့ချင်တယ်လို့ ပြောလာရင်တောင် ရေသူမက အနှိပ်စက်ခံရလွန်းအားကြီးလို့ သေသွားပြီလို့ Abby ကို ညာလိုက်လို့ရတယ်လေ။
သူ ကျေးလက်မှာ Leann နဲ့ဆုံတော့ အစက သူက သွေးသန့်ရေသူမပါလို့ ပြောလာတာကို Abby မယုံခဲ့ပါဘူး။ ဘာလို့ဆို မူလရေသူမသွင်ပြင်နဲ့ တစ်စက်လေးမှ မတူတော့လို့ပါ။ ဖြစ်ပျက်ခဲ့သမျှအရာအားလုံး ပြောလာတာကို သူကြားလိုက်တဲ့အခါမှ သွေးသန့်ရေသူမက သူ့ကိုယ်သူကယ်တင်ဖို့နည်းလမ်းရှာတွေ့သွားခဲ့တယ်ဆိုတာ ယုံသွားတာ။ သူတို့ ပြန်လာပြီးတဲ့နောက်မှ သူ့သွင်ပြင် ဒီလိုဖြစ်သွားတာ ပုတီးစေ့မရှိတော့တာကြောင့် ဖြစ်မယ်မှန်း တွေးမိသွားတာ။ ဒါပေမယ့် အခုကျ သူ့မူလသွင်ပြင်လောက်နီးနီး ဘာလို့ ပြန်ဖြစ်သွားရတာလဲ? ဘာတွေဖြစ်ကုန်ရတာလဲ?

YOU ARE READING
အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]
Adventureကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Ellis_Hsu&wp_originator=G1qI1N5r%2B6QAxdydc3AHHoItnfqZZMLgEFx3k4U...