Arc 9.12

4.2K 660 6
                                    

"မင်း...မင်းက...." မျက်လုံးပြူးကြီးနဲ့ ဘုရင်က Jing Yang ကို စိုက်ကြည့်နေပါတယ်။

"ကျွန်တော်က မူလအစ မင်းသားနဲ့ လက်ထပ်ဖို့ စေလွှတ်ခံရတဲ့ သွေးသန့်ရေသူမပါ။ Abby အဖေက ကျွန်တော့် ပုတီးစေ့ကို လုယူ၊ ကျွန်တော့်ဟန်ဆောင်ပြီး သူ့ကို မင်းသားနဲ့ လက်ထပ်ခိုင်းတာပါ" Jing Yang တည်တည်ငြိမ်ငြိမ် ကြေညာလိုက်ပါတယ်။

"မဟုတ်ဘူး!" Abby က ကြမ်းပေါ်ကနေ ကုန်းအော်ပါတယ်။ "သူ လိမ်နေတာ! ကျွန်တော် သူ့ပုတီးစေ့ကို မလုယူခဲ့ဘူး။ အဲ့ဒီပုတီးစေ့က အစတည်းက ကျွန်တော့်ဟာ! သူကသာ ကျွန်တော့်ပုတီးစေ့ကို မျိုချပစ်လိုက်တာ အဲ့ဒါကြောင့် စွမ်းအင်တွေ ထုတ်ပြနိုင်တာ"

ဘုရင်က Abby ကိုကြည့်ပြီးနောက် Jing Yang ကို ကြည့်လိုက်တယ်။ အချက်အလက်တွေက သူ့ရှေ့တည့်တည့်ရောက်နေပေမယ့် သူ့နှလုံးသားက ယုံကြည်ဖို့ရာ တွန့်ဆုတ်နေပါတယ်။

Abby က Cory ဆီ တွားသွားပြီး သူ့ခြေထောက်ကို ဆွဲယမ်းလို့ ငိုပါတယ်။ "Cory ကျွန်တော့်ကို ယုံကြည်ပေးပါ။ ကျွန်တော်က သွေးသန့်ရေသူမအစစ်ပါ! ကျွန်တော်ကသာ စစ်မှန်သူပါ!"

Cory ခြေထောက်ကို Abby က လှုပ်ယမ်းနေပေမယ့် သူ့ကို တစ်စက်လေးတောင် မကြည့်ခဲ့ပါဘူး။ သူ့မျက်လုံးတွေက Jing Yang ဆီကနေ နည်းနည်းလေးတောင် မရွေ့လျားတာများ သူ့ဝိဉာဉ်တစ်ခုလုံး ဆွဲစုပ်ယူသွားခံလိုက်ရသလိုပဲ။

"ပုတီးစေ့ဆိုတာ သွေးသန့်ရေသူမတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပဲ။ သူတို့က သွေးသန့်ရေသူမကိုယ်ထဲမှာ ရှိနေမှ လုံလောက်တဲ့ စွမ်းအင်ထုတ်လွှတ်ပေးနိုင်တာ။ မင်းက ငါ့ပုတီးစေ့နဲ့ ငါ့သွေးတွေ ယူသွားပြီး အတွေးတွေနဲ့ ပုတီးစေ့ကို ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် အဲ့လိုချဉ်းကပ်မှုမျိုးက အမြဲသက်ရောက်မှုမရှိဘူးဆိုတာ မင်း မသိဘူး။ တစ်နေ့ကျ မင်း ဒုက္ခလှလှတွေ့လိမ့်မယ်" Jing Yang က Abby ကိုပြောလိုက်ပြီး ဘုရင်ကို ကြည့်လိုက်တယ် "ကျွန်တော့်အစွမ်းကိုသုံးပြီး ပတ္တမြားကို ပြင်ပေးလို့ရတယ်။ ကျွန်တော်တို့နှစ်ယောက်ထဲက ဘယ်သူက သွေးသန့်ရေသူမအစစ်လည်းဆိုတာ ရေသူမဘုရင်ကြီးကို အရှင်ကိုယ်တိုင်ပဲ မေးကြည့်ပေါ့"

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now