Arc 9.14

5.1K 715 49
                                    

အကျဉ်းခန်းတံခါးက ပွင့်သွားပြီး ဗလာမျက်ဝန်းတွေနဲ့ Cory အထဲကို ဝင်လာပါတယ်။ သူက ဝိဉာဉ်ကင်းမဲ့နေတဲ့ ရုပ်သေးရုပ်လိုပါပဲ။ Abby က နံရံမှာ ကျုံ့နေအောင်ကပ်ထားပြီး တုန်ယင်နေပါတယ်။ သူ့ရဲ့မျက်တွင်းတွေချောင်ကျနေတဲ့မျက်နှာက နာကျင်မှုရယ် ဝမ်းနည်းမှုရယ်နဲ့ ပြည့်လို့နေပါတယ်။ သနားရိပ်စွန်းနေတဲ့အမူအရာနဲ့ Cory ကို ကြည့်လိုက်ပြီး မျက်လုံးကနေ မျက်ရည်တွေ စီးကျနေပါတယ်။

Cory အကျဉ်းခန်းအလယ်မှာ အတော်ကြာကြာရပ်နေပြီး Abby ဘက် ဖြည်းညင်းစွာလှည့်လာပြီး သူ့ကို ကြည့်လာပါတယ်။

"Cory....." Abby က ဂရုစိုက်ပြီး Cory ကိုခေါ်လိုက်ပါတယ်။ သူ့အသံက အက်ရှရှနဲ့ပါ။

Cory အကြည့်တွေက ရန်လိုတဲ့ပုံစံပြောင်းသွားပါတယ်။ သူ မျက်စိမှိတ်ကြောက်ရွံ့ပြီး နံရံဆီအလျင်အမြန်ပြန်လှည့်ပြေးတဲ့ Abby ဆီ လျှောက်သွားလိုက်တယ်။

"ငါ့ခမည်းတော် ဆုံးသွားပြီ" Cory အံကို တင်းတင်းကြိတ်ထားတယ်။

Abby အံ့အားသင့်တဲ့အကြည့်နဲ့ ငေးစိုက်ကြည့်လိုက်တယ်။ "ဘုရင်က ဆုံး...ဆုံးပြီတဲ့လား?"

"ဘုရင်မဟုတ်ဘူး ... ငါ့ခမည်းတော်ကွ! လက်ရှိဘုရင်က ဦးရီးတော်ဖြစ်သွားပြီ ငါ့ခမည်းတော် မဟုတ်တော့ဘူး ဘာလို့ဆို သူဆုံးသွားလို့လေ။ သူ သေသွားပြီကွ!!" Cory က Abby ကို အော်ဟစ်လိုက်တယ်။

နာကျင်မျက်ဝန်းတွေကို Abby မှိတ်လိုက်ပြီး ခေါင်းကို ဘေးဘက် လှည့်လိုက်တယ်။ Cory ရဲ့အကြည့်စူးတွေ စိုက်ကြည့်ရမှာ သူကြောက်နေလို့ပါ။

Abby လည်ပင်းကို Cory ညှစ်လိုက်ရင်း "ဒါတွေအကုန် မင်းကြောင့်ပဲ! ဒါတွေအကုန် မင်းကြောင့်!!! ငါ့ခမည်းတော်ကိုသတ်လိုက်တာ မင်း!!!"

လည်ပင်းညှစ်ထားတာကြောင့် Abby အသက်ရှူကြပ်လာပါတယ်။ သူ့လည်ပင်းက လက်တွေကို ဖယ်ဖို့ကြိုးစားလိုက်ပြီး "Cory....မလုပ်....ဒါက...တောင်း...ပန်ပါတယ်....."

"ငါ့ကိုထီးနန်းဆက်ခံခွင့်ရအောင် ငါ့ခမည်းတော်က သူ့အသက်ကိုတောင် အလဲအလှယ်လုပ်ပြီး သွေးသန့်ရေသူမနဲ့ လက်ထပ်စေခဲ့တာ။ မင်းရဲ့ အယောင်ဆောင်မှုကြောင့် ငါ့ခမည်းတော် အသက်ပေးခဲ့တဲ့အရာအားလုံး မင်းဖျက်ဆီးခဲ့တာ! သေသွားတဲ့လူက မင်းဘာလို့ မဟုတ်ရတာလဲ? မင်းက ဘာကြောင့် သေမသွားရတာလဲ?" Cory ရဲ့ Abby လည်ပင်းက လက်တွေ လျော့သွားပြီး သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ချပါတယ်။

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Donde viven las historias. Descúbrelo ahora